Show notes
ရော့ခ်အင်ရိုးလ်နဲ့ အပေါစားအရက်(စောလူအတွက်)_______________________________________မင်းတစ်နေ့ ကံကောင်းခဲ့ရင်မင်းရဲ့ဦးခေါင်းထဲမှာ ပေါက်နေတဲ့ အုန်းတောစိမ်းစိမ်းကို မြင်ခွင့်ရမယ်မင်းရဲ့မျက်လုံးထဲမှာပွင့်မယ့် ဘုရားကို ဖူးခွင့်ရမယ်နေကြာပွင့်ထဲမှာ နေထိုင်ခွင့်ရမယ်ယင်မည်းတွေကို မင်းရဲ့ခန္ဓာကိုယ်ထဲကနေ မောင်းထုတ်ခွင့်ရမယ်သူငယ်ချင်းတစ်ယောက်က ပင်လယ်ထဲကို ဆိုင်ကယ်နဲ့ ဆင်းသွားတယ်သူငယ်ချင်းတစ်ယောက်က မိကျောင်းတံဆိပ် စက်ဘီးကလေးကို တွန်းပြီးဆယ်စုနှစ် တစ်ခုကြာအောင် လမ်းပျောက်နေခဲ့တယ်သူငယ်ချင်းတစ်ယောက်က သင်္ဘောသားတစ်ယောက်နဲ့ လက်ထပ်သွားတယ်သူငယ်ချင်းတစ်ယောက်က စာသင်ခုံပေါ်မှာ ကြမ်းပိုးတစ်ကောင်ဖြစ်သွားပြီးသူငယ်ချင်းတစ်ယောက်က အိမ်တစ်အိမ်မှာ ရွှေငါးတစ်ကောင်ဖြစ်သွားတယ်မင်း တစ်နေ့ ကံကောင်းခဲ့ရင်မင်း ဆုံးရှုံးခဲ့ရတဲ့အရာတွေကို မင်း ပြန်ရလိမ့်မယ်မင်းရဲ့ ဆံပင်ဟာ မိုးပေါ်ကို ဆန့်တန်းပြီး တက်နေလိမ့်မယ်သေနတ်ပြောင်းတွေ ကွေးညွှတ် သွားကြလိမ့်မယ်တိုက်လေယာဉ်တွေဟာ မင်းနာမည်ပါတဲ့စာတန်းကို လွှင့်ထူပြီး အုပ်စုဖွဲ့ ပျံသန်းကြလိမ့်မယ်စကြာ၀ဠာရဲ့ နှလုံးသားဟာ တဘုတ်ဘုတ် ပြန် ခုန်လာလိမ့်မယ်ကျည်ဆန်မှန်ပြီး သေသွားတဲ့သူငယ်ချင်း ငါ့ဆီ ရောက်လာတယ်သူ့ရဲ့ ရင်ဘတ်ပေါ်မှာရှိတဲ့ အပေါက်ကြီးထဲကနေ လမင်းကို ငါ မြင်ရတယ်သွားနေကျ စားသောက်ဆိုင်ကို ငါတို့ ရောက်သွားတော့ငါက ဂဏန်းမဆလာကို မှာစားတယ်သူက ဂဏန်းမဆလာဟင်း လာပို့တဲ့ စားပွဲထိုးကို စားတယ်ဇွန်းတွေ ခက်ရင်းတွေ ဓားတွေကို စားတယ်ငါက အပေါစားအရက်ကို မှာသောက်ပြီး မူးတယ်သူက မိုးရေတွေကိုသောက်ပြီး မြစ်တွေကို အန်တယ်ခေတ်ကြီးကို မကျေနပ်ဘူးလို့ ပြောတယ်ပြီးတော့ အရေးကြုံတဲ့အခါ သူ့ရင်ဘတ်ပေါ်က အပေါက်ကြီးကိုငါ့ရဲ့ အရေးပေါ်ထွက်ပေါက်အဖြစ်သုံးဖို့ ငါ့ကိုပြောတယ်မင်းတစ်နေ့ကံကောင်းခဲ့ရင်မီးပြတိုက်ပါတဲ့ ကမ်းခြေတစ်ခုဖြစ်လာလိမ့်မယ်ငှက်အပေါင်း ထောင်သောင်းဟာ မင်းဆီမှာ ဆင်းသက်ပြီးမင်းရဲ့ ရေကို သောက်သုံးကြလိမ့်မယ်မင်းတစ်နေ့ကံကောင်းခဲ့ရင်သူရူးတစ်ယောက်ဖြစ်လာလိမ့်မယ်မြို့လယ်ကောင်နဲ့ လက်ထပ်ခွင့်ရလိမ့်မယ်မင်းရဲ့ အိတ်ကပ်ထဲက တစ်သျှုးစတွေပေါ်မှာ ကဗျာတွေ ရေးထားလိမ့်မယ်စားသောက်ဆိုင်ထဲမှာထိုင်နေတဲ့ သူငယ်ချင်းတွေတစ်ယောက်ပြီးတစ်ယောက် မှိန်ဖျော့ ပျောက်ကွယ်သွားတယ်သူတို့ကို စျေးထဲမှာ ငါ လိုက်ရှာတယ်လူနာဆောင်တွေထဲမှာ ငါလိုက်ရှာတယ်မိန်းမတွေရဲ့ ၀မ်းဗိုက်ထဲမှာ ငါ လိုက်ရှာတယ်အိမ်အပေါ်ထပ်မှာ ငါ လိုက်ရှာတယ်အိမ်အောက်ထပ်မှာ ငါ လိုက်ရှာတယ်မြေကြီးနဲ့အလင်းရောင် ထိတဲ့နေရာတွေမှာ ငါ လိုက်ရှာတယ်တစ်နေ့ မင်းရောငါရော ကံကောင်းခဲ့ရင်ငါတို့ချိန်းဆိုထားတဲ့ နေ့ရက်မှာလမ်းမီးတိုင်တွေထဲကနေ လျှာတွေ ထွက်လာပြီးငါတို့ရဲ့ အိမ်အပြန်ကို ကြိုဆိုပါတယ်လို့ ပြောလိမ့်မယ်ငါတို့အတွက်ဆိုပြီး ရောခ့်အင်ရိုးလ်ကိုလည်း တီထွင်ပေးလိမ့်မယ်။-မောင်ဒေးIDEA Magazine ၊ ဇူလှိုင် ၊ ၂၀၁၇

