Show notes
ဂက်ဆိုလင် (မောင်ဒေး)ငါ့အကြောင်းကို ငါကောင်းကောင်းသိတယ်။ငါ မရောက်တဲ့ နေရာတိုင်းကို ငါ့ရဲ့ အမျိုးသားရေးစိတ်ဓာတ်က ရောက်တယ်။လူ ၂၃ ယောက်ကို မီးရှို့သတ်ကြတဲ့ပွဲမှာ ငါ့နာမည်ကို အော်ကြတယ်။မမြင်ရတဲ့ အရာတွေမှာ ဘုရားသခင် ကိန်းအောင်းလျက်ရှိပြီးမြင်ရတဲ့ အရာတွေကို ငါက အသားလှီးဓား လုပ်ပစ်လိုက်တယ်။ဒါက ငါ့ရဲ့ဓားရိုး၊ ဒါက ငါ့ရဲ့ဓားဦး၊ ဒါကတော့ ငါ့ရဲ့သွေး မဟုတ်ဘူး။စိတ်က သွားသမျှ ကိုယ်က မလိုက်နိုင်ဘူး။နေရူဒါဟာ ငါသွားသမျှ အပျော်ခန်းတိုင်းကို လိုက်တယ်။ငါစားသမျှ ဟင်းသီးဟင်းရွက်တိုင်းဟာ အမှောင်ထဲမှာ နိုးလာပြီးမည်းသွားတယ်။ သရဲမှန်ရင် အမည်းသား ကြိုက်ရမယ်။ငါ့ရဲ့အကြောင်းကို ဒေဝဒတ် သိတယ်။ထမင်းထုပ်ဝေတဲ့ အချိန်ဟာ ငါ့ရဲ့ ဒေသစံတော်ချိန်။ဒေဝဒတ်က သူ့ကိုမြိုထားတဲ့မြေကို လှန်တယ်။ငါ့ရဲ့ ရည်းစားဟောင်းက ငါ့ရဲ့ပုဆိုးကို လှန်တယ်။ဒါက ငါ့ရဲ့ပေါင်ရင်း၊ ဒါက ငါ့ရဲ့ဘော၊ ဒါက ငါ့ရဲ့ယာလာ၊ ဒါက ငါ့ရဲ့မောင်းတော။ရည်းစားဟောင်းဟာ ငါ့ရဲ့ဆံပင်တုကို ဝတ်ကြည့်တယ်။ မတော်ဘူး။ငါဟာ သင်းခွေချပ်တွေနဲ့ အသင်းအပင်း ဖွဲ့တယ်။ ငါ့ရဲ့ ရာဂစိတ်အတွက်တိုက်ပွဲဝင်တယ်။ ငါ့မှာ သွားမရှိဘူး။ ဧရာမ တီကောင်ကြီးဟာငါ့ရဲ့လျှာ ဖြစ်တယ်။ ငါကိုယ်တိုင်ဟာ ငါမြင်ချင်တဲ့ အပြောင်းအလဲ။နွားရိုင်းတစ်ကောင်ရဲ့ ကိုယ်ထဲမှာ ငါ အိပ်ရာကထပြီးနွားရိုင်းတွေကို ချိုကနေကိုင်ကာ မောင်းနှင်တယ်။ရှမ်းပြည်မှာ ငါဘိန်းစိုက်တယ်။ မန္တလေးမှာ နိုက်ကလပ်ဖွင့်တယ်။ငါရေးခဲ့တဲ့ ကဗျာတွေကို ငါမသိတော့ဘူး။ငါမီးရှို့ခဲ့တဲ့ လူအရေအတွက်ကို ငါမမှတ်မိတော့ဘူး။ ။၁၄ ဧပြီ ၂ဝ၁၃ဂက်ဆိုလင် = Gasolineယာလာ = Yala Province in Southern Thailand

