လက်ဖက်ရည်ချို . Laphatyaycho
လက်ဖက်ရည်ချို . Laphatyaycho
Cho
ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ်
1 minutes Posted Aug 3, 2021 at 5:56 pm.
0:00
1:45
Download MP3
Show notes
ကမ္ဘာကြီး တစ်ပတ်လည်တယ် နှစ်ပတ်လည်တယ် သုံးပတ်လည်တယ် တစ်နေ့ကို ထမင်းသုံးကြိမ်စားရလို့ ဝမ်းသာရတယ် တစ်ပတ်ကို ရုပ်ရှင် တစ်ကားကြည့်ရလို့ ပျော်ရတယ် ဆင်းရဲသားတွေပဲ စစ်တပ်ထဲကိုရောက် တိုက်ပွဲမှာသေရလို့ တော်ပါသေးရဲ့ဆိုပြီး ရင်ထဲက အလုံးကြီး ကျရတယ် သုံးရက်တစ်ခါလောက် လိင်ဆက်ဆံခွင့်ရ… တစ်နှစ်တစ်ခါလောက် ကဗျာ
စာအုပ်ထုတ်ခွင့်ရလို့ကြည်နူးရတယ် သွားမရှိတော့တဲ့လူအိုတွေက သွား အတုတွေရှိနေလို့ဆက်ပြီး ဝါးခွင့်ရနေကြတယ် တစ်ချို့မိန်းမတွေက ယောက်ျားတွေမရှိတဲ့ကမ္ဘာကြီးမှာ နေခွင့်မရလို့ စိတ်မချမ်းမသာဖြစ်ကြရတယ် စိတ်ပြေလက်ပျောက်လုပ်စရာတွေရှိနေလို့ ဘာအဓိပ္ပာယ်မှမရှိတဲ့ ဘဝကြီးအကြောင်းကို မစဉ်းစားဖြစ်တော့လို့ ဖြေသာရတယ်
ညဘက်မှာ နေမထွက်လို့ဝမ်းသာရတယ် လိပ်တွေမှာအခွံတွေ ရှိနေသေးလို့ပျော်ရတယ် စူပါဝင်းရှေ့မှာ တောင်းစားနေတဲ့လူဟာ ကိုယ်မဟုတ်လို့ ဖြေသာရတယ် ကားလမ်းပေါ်မှာ ပြားနေတဲ့ငှက်ဟာ ငါ မဟုတ်ပါလားဆိုပြီး ကျေနပ်ရတယ် ဆီးရီးယား ဒုက္ခသည်တွေဟာ ကိုယ်မဟုတ်လို့ ပထဝီနိုင်ငံရေး ဘာညာသာရကာ ရွှီးရွှမ်းခွင့်ရတယ် ဝယ်ထားတဲ့ ဖူးကိုးစာအုပ်တွေကို [ဖဘ]ပေါ် ဓာတ်ပုံရိုက်တင်ပြီး ကြွားခွင့်ရတယ် ငါလေးဟာ ငါလေး ဖြစ်နေသေးလို့တော်ပါသေးရဲ့ဆိုပြီး ကြည်နူး ဝမ်းသာအားရ ပီတိသောမနဿ ဖြစ်ရတယ်
– အစိမ်းရောင်ပြယ်လာတဲ့စာအုပ်- ၂.၆
(အစိမ်းရောင်စာအုပ် – မောင်ဒေး။ နှစ်ကာလများ – အောက်တိုဘာ၊ ၂၀၁၆။)