Myat Min Lu
Myat Min Lu
Myat Min Lu
I am Myat Min Lu, This is my official podcast. I am an Author, Motivational Speaker, and a Creative Business Designer too. I love talking about life and people. LIFE is the best gift we have received and HOPE is the best gift we can give to others. come Let's talk and give hope to each other.
ကျွန်တော့်ဘဝကိုပြောင်းလဲပေးခဲ့တဲ့ အရာတစ်ခု
ဒီ video လေးထဲမှာ VECTOR Online Learning Platform ကို ဘယ်လိုစတင်ခဲ့သလဲဆိုတာကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။    Online Learning အတွက် Website တစ်ခုဖန်တီးဖို့ကို ၂၀၁၅ လောက်ကတည်းက ကျွန်တော့ရဲ့အဖေနဲ့ စကားတွေပြောရင်း idea လေးတစ်ခုရပြီးတော့ စတင်ဖြစ်ခဲ့တာပါ။  ဒါပေမယ့် Teaching Method တွေ၊ အသုံးပြုမယ့် Technology တွေနဲ့ User Experience ပိုင်းတွေကောင်းဖို့အတွက် ပြင်ဆင်ရင်း Research တွေလုပ်ရင်းနဲ့ ရုပ်လုံးပေါ်လာတာကတော့ ကျွန်တော်တို့ ၂၀၁၈ လောက်မှာပဲဖြစ်ပါတယ်။    ဒီ HP ကွန်ပျူတာ အစုတ်လေးတစ်လုံးရယ် Recording အတွက် Portable Mic လေးရယ် နဲ့ တက်လိုက်ကျလိုက်ဖြစ်နေတဲ့ အင်တာနက် ကွန်နက်ရှင်တွေနဲ့ ညလုံးပေါက်ခဲ့ရတဲ့ညတွေလည်း မနည်းပါဘူး။ အဲ့ဒီကာလတွေမှာ Server တွေတစ်ခုပြီးတစ်ခု Test လုပ်ခဲ့တယ်။ UI နဲ့ ပတ်သတ်ပြီးတော့ ပြည်တွင်းက User တွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် အသေးစိတ် Frame တွေချပြီးတော့ Design တွေရေးဆွဲခဲ့ပါတယ်။ အခုထက်ထိလည်း အမြဲ Update လုပ်ပေးနေပါတယ်။   ဒီ Server ဖိုးတွေ၊ Domain ကြေးတွေနဲ့ အခြားကုန်ကျစရိတ်တွေ အတွက် Content တွေရေးရင်း၊ graphic design တွေဆွဲရင်း Video နဲ့ animation တွေကို Freelance အနေနဲ့ ဖန်တီးပေးရင်း ဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။   တကယ်တန်း Launch လုပ်ဖြစ်ခဲ့တာကတော့ 2019 ဇန်နဝါရီ လမှာပဲဖြစ်ပါတယ်။  User Experience ပိုင်းမှာဆိုရင်လည်း ကိုယ်တိုင် Test လုပ်ခဲ့သလို တကယ့် Real World က user တွေရဲ့ behaviour တွေကိုလေ့လာပြီးတော့လည်း ပြင်ဆင်မှု့ပေါင်းသောင်းခြောက်ထောင်ကိုလည်း အချိန်နှင့်တပြေးညီ ပြင်ဆင်ခဲ့ရပါတယ်။   VECTOR ကို နယ်မြို့လေးရဲ့ အခန်းကျဉ်းလေးထဲက စတင်ခဲ့သော်ငြားလည်းပဲ အခုဆိုရင် ပြည်တွင်းက Online Learning Platform တစ်ခုဖြစ်တဲ့ Toe Tet နဲ့ ပူးပေါင်းပြီး  တော့လည်း ICT ပညာရပ်တွေကို အလွယ်တကူ တက်ရောက် သင်ကြားနိုင်အောင် စီမံပေးထားပါတယ်။    ကျွန်တော်တို့ရဲ့အဓိကရည်ရွယ်ချက်တော့ "ကိုယ်တိုင်လေ့လာ ကိုယ်ဆရာ၊​ လိုရာတက်မြောက် ထင်ပေါက်"ဆိုတဲ့ ဆောင်ပုဒ်လေးအတိုင်းပဲ Self-Study ကို အလေ့အကျင့်ရစေပြီးတော့ ပညာရပ်တွေကို အချိန်တိုတိုနဲ့ လိုရင်းရောက်အောင် ဝေမျှပေးချင်တာပဲဖြစ်ပါတယ်။  သင်ရော ကိုယ်တိုင် Self-study တွေလုပ်နေပြီလား?  လုပ်နေတယ်ဆိုရင် Yes လုပ်ဖို့အတွက် စဉ်းစားနေတယ်ဆိုရင် Good လို့ Comment မှာရေးပေးခဲ့ပါအုံး အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။   Myat Min Lu  https://vector.com.mm --- Send in a voice message: https://anchor.fm/myatminlu/message
Jun 23, 2021
1 min
စိတ်ညစ်စရာ အတွေးတွေထဲက ရုန်းထွက်ချင်နေပြီလား?
စိတ်ညစ်စရာ အတွေးတွေထဲက ဘယ်လိုတွေရုန်းထွက်ရမလဲဆိုတာ Podcast လေးထဲမှာ ဆက်လက်လေ့လာကြည့်ပေးပါ။  ကြိုက်နှစ်သက်တယ်ဆိုရင်လည်း Share လေးနဲ့ အားပေးသွားနိုင်ပါတယ်။   Myat Min Lu  https://vector.com.mm --- Send in a voice message: https://anchor.fm/myatminlu/message
Jun 23, 2021
47 sec
ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲဖို့အတွက် ဘာတွေလုပ်ရမလဲ?
ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲဖို့အတွက် ဘယ်သူမှလုပ်မပေးနိုင်ပါဘူး။  ကိုယ်တိုင်လုပ်မှပဲရမှာပါ။   ဒီ Video လေးမှာတော့ မိမိဘဝကို တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်လိုသူတွေအတွက် အရေးအကြီးဆုံး အချက်(၂)ချက်ကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။  လူအများစုဟာ အချိန်တန်ရင် ဖြစ်သွားမှာပါပဲကွာ ဆိုပြီးတော့ အလွယ်တကူ ပြောတတ်ကြပါတယ်။  တကယ်တော့ အဲ့ဒါလည်းမှန်ပါတယ်။ အချိန်တန်ရင်တော့ တစ်ခုခုဖြစ်သွားမှာ အသေအချာပါပဲ။  ဒါပေမယ့် ကိုယ်ဖြစ်တာတွေဖြစ်သွားတာနဲ့ ကိုယ်မဖြစ်ချင်တာတွေဖြစ်သွားတာ ဒါလေးပဲ ကွဲပြားသွားမှာပါ။   ဒီတော့တချို့တွေက ပြောကြမယ် "ဆရာတွေ၊ မိဘတွေကရော ကိုယ့်ဘဝကို ပြောင်းလဲပေးနေတဲ့သူတွေ မဟုတ်ဘူးလား"?  တကယ်တော့ သူတို့က ကျွန်တော်တို့ဘဝကို လမ်းပြပေးနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မလိုက်နာသရွေ့တော့ လမ်းကြောင်းတွေ လွှဲနေအုံးမှာပါပဲ။   ဒါကြောင့် မိတ်ဆွေအနေနဲ့ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းလေးတွေ ဖြစ်ဖို့ဆိုရင်   နံပါတ်(၁)အချက်အနေနဲ့ "ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ သုံးသပ်ပါ"   - ကိုယ့်အနေနဲ့ တခြားသူအပေါ်မှာအရမ်းကြီး မှီခိုမိနေပါသလား?  - အခုလက်ရှိအခြေအနေကရော ကိုယ်ဖြစ်ချင်တဲ့ပုံစံမျိုးလား?  - တကယ်လို့ကိုယ်ရဲ့ဘဝ ဒီထက်ပိုပြီး တိုးတက်ပြောင်းလဲဖို့ဆိုရင် ဘာတွေလုပ်ဖို့လိုအပ်မလဲ?  ဒီမေးခွန်းလေးတွေဖြေကြည့်ပေးပါ။  နောက် တချက်အနေနဲ့ကတော့"မကောင်းတဲ့ဘက်က ကြည့်တဲ့အမြင်တွေကိုလျော့ပါ" မကြည့်ခိုင်းတာမဟုတ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို လက်မခံခိုင်းတာပါ။  ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အများစုဟာ တစ်ရက်တစ်ရက် သူများနဲ့ စကားပြောတာထက် ကိုယ့်ကိုယ်ကိုပြန်ပြီး စကားပြောတာက ပိုများပါတယ်။ ကိုယ့်ဘဝ တိုးတက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုစကားတွေပြောနေလဲဆိုတာကို သတိထားပါ။   Negative Words တွေနဲ့ပတ်သတ်တော့ GEMS Willington Academy ကစမ်းသပ်ထားတဲ့ Video လေးမှာဆိုရင် အပင် (၂)ရှိတယ်။ (၁)ပင်ကိုတော့ ကောင်းတဲ့စကားတွေပြောကြတယ်။ နောက်(၁)ပင်ကိုတော့ မကောင်းတဲ့စကားတွေပြောကြတယ်။ ဒီလိုမျိုးကြာလာတဲ့အခါ မကောင်းတာတွေအပြောခံရတဲ့ အပင်လေးဟာ တစ်ဖြည်းဖြည်း ညှိုးနွမ်းသွားပါတယ်။ ကောင်းတာတွေအပြောခံရတဲ့ အပင်လေးကတော့ လန်းလန်းဆန်းဆန်းပဲရှိနေတာကို တွေ့မြင်ရပါတယ်။  ဒါ့ကြောင့် ကိုယ့်ဘဝ တိုးတက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုစကားတွေပြောနေလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ အမြဲတမ်း ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ်။ သူများတွေကို အပြစ်ပြောနေမယ်။ တခုခုဆို မကောင်းတာတွေပဲ ပြောမိနေတယ်။ တွေးမိနေတယ်ဆိုရင် အခုကစပြီးပြောင်းလဲကြည့်ပါ။ တဖြည်းဖြည်းသိသာလာပါလိမ့်မယ်။  မိတ်ဆွေရဲ့အမြင်လေးတွကိုလည်း Comment မှာရေးပေးခဲ့ပါအုံး အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ မင်္ဂလာရှိသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။   Myat Min Lu  Founder of VECTOR Online Learning Platform  https://vector.com.mm  10 Jun 2019   #myatminlu #motivation #tips --- Send in a voice message: https://anchor.fm/myatminlu/message
Jun 23, 2021
2 min
အချိန်ဆွဲခြင်းကို ဘယ်လိုဖျောက်ရမလဲ?
အချိန်မဆွဲပါနဲ့   ချက်ချင်းလုပ်လို့ရတဲ့အရာဆိုရင် အခုချက်ချင်းထလုပ်လိုက်ပါ။  အချိန်တွေရွေ့ရင်း အချိန်တွေဆွဲရင်း အချိန်တွေလွှဲသွားတတ်ပါတယ်။   ဒီတော့ အချိန်ဆွဲခြင်းဟာ မိတ်ဆွေအတွက် အကျင့်တစ်ခုလိုဖြစ်နေပြီလား?   အချိန်ဆွဲတာကြာလာတာနဲ့အမျှ   - ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပျောက်ဆုံးလာမယ်။  - မနက်လင်းလာတိုင်း စိတ်မကြည်လင်မှုတွေ ခံစားလာရမယ်။  - ကိုယ်အချိန်ဆွဲခဲ့တဲ့အရာကို ထိတွေ့ရမှာကြောက်လာမယ်။ - နောက်ဆုံး လောကကြီးမှာ ဘာလုပ်လုပ်အဆင်မပြေပါဘူး ဆိုတာတွေနဲ့ ကြုံတွေ့လာပါလိမ့်မယ်။  ဒီတော့ အချိန်မဆွဲပဲ လုပ်စရာရှိတာကိုချက်ချင်းလုပ်ချင်းလုပ်ခြင်းက မိမိရဲ့စူပါပါဝါတွေတက်လာပြီး  - ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာမယ် - နေ့ရက်တိုင်းဟာ လန်းဆန်နေမယ် - အရာရာကို ရင်ဆိုင်ဖို့အတွက် ခွန်အားတွေရှိလာမယ်။  အချိန်ဆွဲတတ်တဲ့ အကျင့်ကို ဖျောက်ဖို့ တစ်ခုတည်းသော နည်းလမ်းကတော့  လုပ်စရာရှိတာကို အခုချက်ချင်းစလုပ်ခြင်းပဲ ဖြစ်ပါတယ်။  ဒီ Video လေးကိုကြည့်နေတဲ့ မိတ်ဆွေအနေနဲ့ Facebook ပေါ်မှာပဲအချိန်ကုန်မနေပဲ လုပ်စရာရှိတာတွေကို အခုချက်ချင်းထလုပ်လိုက်ပါ။   MyatMinLu@KaungThit  Founder of VECTOR Online Learning Platform  https://vector.com.mm #myatminlu --- Send in a voice message: https://anchor.fm/myatminlu/message
Jun 23, 2021
1 min
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေပါသလား?
ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေပါသလား? = = = = =   သိမ်ငယ်ခြင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးခြင်းရဲ့ အစပဲဖြစ်ပါတယ်။  လူတစ်ယောက်ဟာ လူရာသွင်းမခံရတာ များလာတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ၊ အနှိမ်ခံရတာတွေ များလာတဲ့အခါ၊ အပြစ်တင်ခံရတာတွေ များလာတဲ့အခါ သူ့ရဲ့မသိစိတ်မှာ အလိုအလျောက် သိမ်ငယ်မှုတွေ ဝင်လာတတ်ပါတယ်။  တခါတစ်လေမှာ ကိုယ့်ထက်ရာထူးကြီးတဲ့သူ၊ ကိုယ့်ထက်ချမ်းသာတဲ့သူ၊ ကိုယ့်ထက် အဆင့်အတန်းမြင့်တဲ့သူတွေနဲ့ တွေ့တဲ့အခါ မသိမသာလေး ကိုယ့်ရဲ့စိတ်မှာ တွန့်ဆုတ်နေတတ်ပြန်ပါတယ်။  ဒါကြောင့် ကိုယ့်ကိုယ် ယုံကြည်မှုရှိဖို့ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့အားနည်းချက်နဲ့ အားသာချက် တွေကို သိထားဖို့လိုအပ်ပါတယ်။  တစ်ခုလောက်ကို အခု စဉ်းစားကြည့်ပါ။ မိတ်ဆွေအနေနဲ့ "ပူပင်သောက ကင်းပြီး လိုချင်တာတွေ ပြည့်ပြည့်စုံစုံရနေတဲ့သူတစ်ယောက်လို့ ခံစားကြည့်လိုက်ပါ။"  နောက်တစ်ခုအနေနဲ့ "ကိုယ့်မှာအကြွေးတွေ ပတ်လည်ဝိုင်းပြီး ညညဆိုရင် စိုးရိမ်သောကတွေ နဲ့အိပ်မပျော်ဘူးလို့" တစ်ချက်လောက်တွေးကြည့်လိုက်ပါ။  ဒီအတွေး ၂ ခုမှာ ကွဲပြားခြားနားမှုတွေ အများကြီးရှိပါတယ်။  ဒီတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု၊ ကိုယ့်ရဲ့ Confidence က အတွေးထဲမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပုံဖော်လဲဆိုတဲ့ အပေါ်မှာ အများကြီးမူတည်မှုရှိ ပါတယ်။  ဒါ့ကြောင့် မိတ်ဆွေအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိဖို့ဆိုရင် - ကိုယ့်ရဲ့ကောင်းတဲ့အချက်တွေကို တွေးပါ - ကိုယ့်ရဲ့ အားသာချက်တွေကို တွေးပါ - ကိုယ့်ကိုယ်ကိုယ် စိတ်ဆင်းရဲအောင်မတွေးပါနဲ့ - ကိုယ့်ရဲ့ အားနည်းချက်တွေကို တွန်းလှန်ပါ - ကိုယ့်ရဲ့ အားနည်းချက်တွေကို ပြင်ဆင်ပါ အဲ့နောက် ကျွန်တော်နဲ့အတူ အသက်ကိုဝဝရှုပြီး ခါးကိုမတ်မတ်ထားကြည့်လိုက်ပါ။  အားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော် မြတ်မင်းလူပါ။ မင်္ဂလာရှိတဲ့ နေရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေချင်ဗျာ!   MyatMinLu@KaungThit  Founder of VECTOR Online Learning Platform https://vector.com.mm  #myatminlu #motivation #tips --- Send in a voice message: https://anchor.fm/myatminlu/message
Jun 23, 2021
1 min
ဘဝမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဖြစ်နေပါသလား?
ကျွန်တော် လူငယ်တွေနဲ့ လူလတ်အပိုင်းအရွယ်တွေကို အမြဲတမ်းမေးကြည့်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘဝကို ဘယ်လိုပုံဖော်ထားလဲ? ဘယ်လိုရည်ရွယ်ချက်တွေရှိလဲ? ဘာတွေကို ဝါသနာပါလဲ? နောက် ၁၀ နှစ်နေရင်ရော ဘယ်လိုပုံစံမျိုးနဲ့ နေချင်လဲ? ဒီလိုမေးခွန်းလေးတွေမေးကြည့်တဲ့အခါ ၈၉% လောက်က ဘဝမှာ ဘာရှိရွယ်ချက်မှမရှိပဲ လက်ရှိဖြစ်တည်နေတဲ့ အခြေအနေကိုပဲ အပြစ်တင်နေတာကို တွေ့ရပါတယ်။ တချို့ဆို - မိသားစု အဆင်မပြေလို့ - အိမ်နဲ့ မခွဲနိုင်လို့ - ကိုယ်ကဘာမှမတက်တော့ ဘာသွားလုပ်ရမှာလဲတို့ - ငါ့အရည်အချင်းနဲ့ မဖြစ်လောက်ပါဘူးကွာတို့ - ဘာကို ဝါသနာပါလို့ ပါမှန်းကိုမသိတာတို့ ဆိုတဲ့ ဆင်ခြေ အမျိုးမျိုးကိုလည်း တွေ့ရပြန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီလိုအခြေအနေမျိုးတွေကို အရင်က ကြုံတွေ့ခဲ့ဖူးတော့ ကျွန်တော့်ရဲ့ ဘဝအတွေ့အကြုံလေးကို ပြန်လည်မျှဝေပေးလိုခြင်းပဲဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ဘယ်လိုဖြေရှင်းကြမလဲ? အဖြေကတော့ အရမ်းကို ရိုးရှင်းပါတယ်။ ဘဝမှာ ကျွန်တော်တို့ ကိုယ်တိုင် မလုပ်ကြည့်ရသေးတဲ့ အရာတွေကို စိတ်ကူးလေးနဲ့တင် ဆုံးဖြတ်ကြည့်လို့မရပါဘူး။ ဒီတော့ ကိုယ့်အနေနဲ့ - လေ့လာသင်ယူမှုတွေကို နေ့တိုင်းလုပ်ပါ။ - အလုပ်တစ်ခုတည်းမှာတင် ပျော်မွှေ့မနေပါနဲ့ - တစ်ခုခုလုပ်တိုင်း ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။ ကျေနပ်မှုဘယ်လောက်ရှိလဲ တိုင်းတာပါ။ - ဒီတစ်ခုမှာ အဆင်မပြေရင်၊ အဆင်မပြေဘူးလို့ ညည်းနေမယ့်အစား အဆင်ပြေမယ့်နည်းလမ်းကို ရှာပါ။ ဘယ်လိုမှ မရရင်တော့ နောက်တစ်ခုကိုသာ ပြောင်းလုပ်လိုက်ပါ။ မိတ်ဆွေရဲ့ အချိန်တွေဟာ မိတ်ဆွေရဲ့ အသက်ပါပဲ။ ကိုယ့်ရဲ့ ဝါသနာကို ဘယ်လိုရှာဖွေရမလဲဆိုရင်တော့ ပိုက်ဆံမရရင်တောင် ဒီအလုပ်ကိုလုပ်မယ်။ ပိုက်ဆံပေးရမယ်ဆိုရင်တောင် ဒီအလုပ်ကိုလုပ်မယ်ဆိုတဲ့ အရာမျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် ငယ်ရွယ်တဲ့အချိန်ကောင်းမှာ တစ်ခုတည်းမှာ တစ်နေရာတည်း မနေပဲ ဘဝရဲ့အခြေအနေမျိုးစုံနဲ့ တိုက်ပွဲပေါင်းစုံကို အားကုန်သုံးပြီး တိုက်ခိုက်ကြည့်ပါ။ အခုချိန်ထိ ဘာလုပ်ရမှန်းမသိသေးဘူးဆိုရင်တော့ ကိုယ်လုပ်လို့ရတာတစ်ခုခုကို စလုပ်ကြည့်လိုက်ပါ။ တစ်ခုခုထူးခြားလာပါလိမ့်မယ်။ မိမိရဲ့ အမြင်လေးတွေကိုလည်း Comment မှာရေးပေးခဲ့ပါအုံးခင်ဗျာ။ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ မင်္ဂလာရှိသောနေ့လေးကို ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။ --- Send in a voice message: https://anchor.fm/myatminlu/message
Jun 23, 2021
2 min