Myat Min Lu
Myat Min Lu
Myat Min Lu
ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲဖို့အတွက် ဘာတွေလုပ်ရမလဲ?
2 minutes Posted Jun 23, 2021 at 4:32 pm.
0:00
2:15
Download MP3
Show notes

ကိုယ့်ဘဝကို တိုးတက်ပြောင်းလဲဖို့အတွက် ဘယ်သူမှလုပ်မပေးနိုင်ပါဘူး။ 

ကိုယ်တိုင်လုပ်မှပဲရမှာပါ။  

ဒီ Video လေးမှာတော့ မိမိဘဝကို တိုးတက်ပြောင်းလဲအောင် ဆောင်ရွက်လိုသူတွေအတွက် အရေးအကြီးဆုံး အချက်(၂)ချက်ကို မျှဝေပေးသွားမှာပဲဖြစ်ပါတယ်။  လူအများစုဟာ အချိန်တန်ရင် ဖြစ်သွားမှာပါပဲကွာ ဆိုပြီးတော့ အလွယ်တကူ ပြောတတ်ကြပါတယ်။  တကယ်တော့ အဲ့ဒါလည်းမှန်ပါတယ်။ အချိန်တန်ရင်တော့ တစ်ခုခုဖြစ်သွားမှာ အသေအချာပါပဲ။  ဒါပေမယ့် ကိုယ်ဖြစ်တာတွေဖြစ်သွားတာနဲ့ ကိုယ်မဖြစ်ချင်တာတွေဖြစ်သွားတာ ဒါလေးပဲ ကွဲပြားသွားမှာပါ။  

ဒီတော့တချို့တွေက ပြောကြမယ် "ဆရာတွေ၊ မိဘတွေကရော ကိုယ့်ဘဝကို ပြောင်းလဲပေးနေတဲ့သူတွေ မဟုတ်ဘူးလား"? 

တကယ်တော့ သူတို့က ကျွန်တော်တို့ဘဝကို လမ်းပြပေးနေတဲ့သူတွေပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်မလိုက်နာသရွေ့တော့ လမ်းကြောင်းတွေ လွှဲနေအုံးမှာပါပဲ။  

ဒါကြောင့် မိတ်ဆွေအနေနဲ့ ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့အတိုင်းလေးတွေ ဖြစ်ဖို့ဆိုရင်  

နံပါတ်(၁)အချက်အနေနဲ့ "ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ သုံးသပ်ပါ"  

- ကိုယ့်အနေနဲ့ တခြားသူအပေါ်မှာအရမ်းကြီး မှီခိုမိနေပါသလား? 

- အခုလက်ရှိအခြေအနေကရော ကိုယ်ဖြစ်ချင်တဲ့ပုံစံမျိုးလား? 

- တကယ်လို့ကိုယ်ရဲ့ဘဝ ဒီထက်ပိုပြီး တိုးတက်ပြောင်းလဲဖို့ဆိုရင် ဘာတွေလုပ်ဖို့လိုအပ်မလဲ? 

ဒီမေးခွန်းလေးတွေဖြေကြည့်ပေးပါ။  နောက် တချက်အနေနဲ့ကတော့"မကောင်းတဲ့ဘက်က ကြည့်တဲ့အမြင်တွေကိုလျော့ပါ" မကြည့်ခိုင်းတာမဟုတ်ပါဘူး။ မကောင်းတဲ့အတွေးတွေကို လက်မခံခိုင်းတာပါ။  ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အများစုဟာ တစ်ရက်တစ်ရက် သူများနဲ့ စကားပြောတာထက် ကိုယ့်ကိုယ်ကိုပြန်ပြီး စကားပြောတာက ပိုများပါတယ်။ ကိုယ့်ဘဝ တိုးတက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုစကားတွေပြောနေလဲဆိုတာကို သတိထားပါ။  

Negative Words တွေနဲ့ပတ်သတ်တော့ GEMS Willington Academy ကစမ်းသပ်ထားတဲ့ Video လေးမှာဆိုရင် အပင် (၂)ရှိတယ်။ (၁)ပင်ကိုတော့ ကောင်းတဲ့စကားတွေပြောကြတယ်။ နောက်(၁)ပင်ကိုတော့ မကောင်းတဲ့စကားတွေပြောကြတယ်။ ဒီလိုမျိုးကြာလာတဲ့အခါ မကောင်းတာတွေအပြောခံရတဲ့ အပင်လေးဟာ တစ်ဖြည်းဖြည်း ညှိုးနွမ်းသွားပါတယ်။ ကောင်းတာတွေအပြောခံရတဲ့ အပင်လေးကတော့ လန်းလန်းဆန်းဆန်းပဲရှိနေတာကို တွေ့မြင်ရပါတယ်။  ဒါ့ကြောင့် ကိုယ့်ဘဝ တိုးတက်ဖို့ဆိုရင် ကိုယ့်ကိုယ်ကို ဘယ်လိုစကားတွေပြောနေလဲဆိုတာ အရမ်းအရေးကြီးပါတယ်။ အမြဲတမ်း ကိုယ့်ကိုယ်ကို အပြစ်တင်နေမယ်။ သူများတွေကို အပြစ်ပြောနေမယ်။ တခုခုဆို မကောင်းတာတွေပဲ ပြောမိနေတယ်။ တွေးမိနေတယ်ဆိုရင် အခုကစပြီးပြောင်းလဲကြည့်ပါ။ တဖြည်းဖြည်းသိသာလာပါလိမ့်မယ်။  မိတ်ဆွေရဲ့အမြင်လေးတွကိုလည်း Comment မှာရေးပေးခဲ့ပါအုံး အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ မင်္ဂလာရှိသောနေ့ရက်လေးကို ပိုင်ဆိုင်နိုင်ပါစေခင်ဗျာ။  

Myat Min Lu 

Founder of VECTOR Online Learning Platform 

https://vector.com.mm 

10 Jun 2019  

#myatminlu #motivation #tips