Leftist Padcast
Leftist Padcast
Leftist Book
Leftist Podcast is the free to air podcast service, that's sharing about leftist political ideologies and powered by Leftist Book.
EP 4 : အနုပဋိလောမရုပ်ဝါဒ – မြသန်းတင့်
အနုပဋိလောမရုပ်ဝါဒသည် မြသန်းတင့်ရေးသားသောစာအုပ်ဖြစ်ပြီး ပြောက်ကျားရေဒီယိုမှ Audiobook အဖြစ် အသံသွင်းပေးထားပါသည်။
May 29, 2022
17 min
EP 3 : အနုပဋိလောမရုပ်ဝါဒ – မြသန်းတင့်
အနုပဋိလောမရုပ်ဝါဒသည် မြသန်းတင့်ရေးသားသောစာအုပ်ဖြစ်ပြီး ပြောက်ကျားရေဒီယိုမှ Audiobook အဖြစ် အသံသွင်းပေးထားပါသည်။
Jan 8, 2022
16 min
EP 2 : အနုပဋိလောမရုပ်ဝါဒ – မြသန်းတင့်
အနုပဋိလောမရုပ်ဝါဒသည် မြသန်းတင့်ရေးသားသောစာအုပ်ဖြစ်ပြီး ပြောက်ကျားရေဒီယိုမှ Audiobook အဖြစ် အသံသွင်းပေးထားပါသည်။
Jan 7, 2022
16 min
EP 1 : အနုပဋိလောမရုပ်ဝါဒ – မြသန်းတင့်
အနုပဋိလောမရုပ်ဝါဒသည် မြသန်းတင့်ရေးသားသောစာအုပ်ဖြစ်ပြီး ပြောက်ကျားရေဒီယိုမှ Audiobook အဖြစ် အသံသွင်းပေးထားပါသည်။
Jan 7, 2022
15 min
မင်းမဲ့ဝါဒ ဆိုဒါ – ဝေါဟာရရှင်းတမ်း
မင်းမဲ့ဝါဒ ဆိုဒါ  Anarchism Soda (1) (ဝေါဟာရ ရှင်းတမ်း)   ရေးသားသူ - စက္က Speaker - ခင်သစ်   နိုင်ငံရေးရာအတွေးအခေါ်ဝါဒ အတော်များများရဲ့ အမည်နာမတွေဟာ များသောအားဖြင့် ကောင်းတဲ့အဓိပ္ပါယ်ကိုဖော်ဆောင်ပါတယ်။ ဥပမာ Liberalism ဆိုရင် Liberty၊ ဒါမှမဟုတ် freedom ဆိုတဲ့ လွတ်လပ်ခြင်းကို ကိုယ်စားပြုတယ်။ Socialism ဆိုရင် sociability ဆိုတဲ့ လူမှုထုံးတမ်းတွေကိုလိုက်နာခြင်း၊ ဒါမှမဟုတ် fellowship ဆိုတဲ့ အဖွဲ့အစည်းသဘော၊ စည်းလုံးမှုသဘောဆောင်တယ်။ Conservatism မှာဆိုရင်လည်း နိုင်ငံတစ်ခု သို့မဟုတ် ဘဝတစ်ခုကို ပြုပြင်ပြောင်းလဲမှုတွေနှင့်ဆန့်ကျင်ပြီး အခြေခိုင်မြဲစွာဆောက်တည်ကြမယ်၊ ရှင်သန်ကြမယ်ဆိုတဲ့သဘော...။ နောက်ဆုံး ကုန်ကုန်ပြောရရင် ဟစ်တလာတို့ မူဆိုလီနီတို့ရဲ့ ယုံကြည်ရာဖြစ်တဲ့ Fascism မှာတောင်မှ fascio ဆိုတဲ့ အစုအစည်းသဘောတရားမျိုး ပါသေးတယ်။ ငယ်ငယ်ကကြားဖူးကြမှာပေါ့ ထင်းတစ်ချောင်းတည်းဆိုချိုးရလွယ်တယ်၊ ထင်းတွေအများကြီးစုလိုက်ရင် ချိုးဖို့မလွယ်တော့ဘူးဆိုတာလေ။ fascism ရဲ့ဝေါဟာရရေသောက်မြစ်က အဲ့လိုလာတာ။   Anarchism ကေရာ ...?   Anarchism မှာတော့ဒီလိုမဟုတ်ဘူး။ ဝါဒအမည်ကိုက စတင်ထိတွေ့သူတွေအနေနဲ့ အထင်လွဲချင်စရာကောင်းတယ်။ အစိုးရအဆက်ဆက်ကလည်း အထင်လွဲချင်စရာကောင်းအောင် လုပ်ခဲ့ကြတယ်။ မင်းမဲ့ဝါဒပေါ့။ ခေတ်မီအောင်ပြောရရင် အစိုးရမဲ့ဝါဒပေါ့။ ဘယ်လိုပဲမဲ့ပါစေ Anarchism ဟာ အုပ်စိုးသူနှင့်အာဏာကိုဆန့်ကျင်တယ်။ ဒါပေမဲ့ နှစ်ထောင်ချီပြီး တပါးသူအုပ်ချုပ်မှုအောက်နေလာခဲ့တဲ့လူသားမျိုးနွယ်ဟာ မင်းမဲ့ဝါဒဆိုတဲ့အမည်ကိုကြားတော့ အော်ဂလီဆန်ကြပါတယ်။ ဒါပေမဲ့လည်းမတတ်နိုင်ပါ။ မင်းမဲ့ဝါဒရဲ့အဓိပ္ပါယ်ကိုပေါ်လွင်နိုင်ဖို့ ဒီနာမည်တွေအပြင်တခြားလည်းမရှိတော့ပါဘူး။ ဒါဟာ မြန်မာဝေါဟာရတစ်ခုအနေနဲ့ပဲရွံမုန်းခံရတာမဟုတ်။ Anarchyရဲ့ရေသောက်မြစ်မှာကိုက အဓိပ္ပါယ်ဖွင့်ဆိုနားလည်ထားကြပုံ ရာဇဝင်မလှခဲ့တာပါ။   Anarchy ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ခဲ့ကြ   Anarchy ကို ယုံကြည်မှုအပေါ်သစ္စာစောင့်သိခြင်းရယ်လို့ ပထမဦးဆုံးအတည်ပြုခဲ့ကြတဲ့ ၁၉ရာစုအလယ်ပိုင်းမတိုင်ခင်ကပင် နိုင်ငံရေးဆိုင်ရာစကားစစ်ထိုးပွဲတွေမှာ လူ့အဖွဲ့အစည်းအတွက်အန္တရာယ်တစုံတရာဖြစ်စေနိုင်တဲ့ အတွေးအခေါ်တွေကို Anarchy ဆိုပြီးနှိမ့်ချလှောင်ပြောင်ခဲ့ကြပါတယ်။ အထွေထွေအသုံးအနှုန်းတွေမှာတော့ ဒီစကားလုံးဟာ အကြောက်တရားနှင့်စိုးရိမ်ပူပန်မှုကိုအတွက်အသုံးများကြပါတယ်။ Alexander Pope ရဲ့ " The Dying Christian to his Soul " မှာ " great Anarch " ဆိုတဲ့စကားလုံးကို " အလုံးစုံအမှောင်တရားကိုဆောင်ယူလာပြီး အရာအားလုံးကိုမြေမြှုပ်သင်္ဂြိုလ်ပစ်မဲ့ စိုးရိမ်ပူပန်မှုတွေနှင့်ပြည့်နက်နေပြီး ပရမ်းပတာအခြေအနေဆိုက်နေတဲ့ အင်ပါယာ " တစ်ခုအဖြစ်ပုံဖော်ထားပါတယ်။ ဒါဟာ Anarchy အပေါ်အသုံးအနှုန်း ဆိုးရွားခဲ့ပုံကိုပြောပြတာပါ။   ၁၈ရာစု အတွေးအခေါ်ပညာရှင် Edmund Burke ဟာ Anarchy ကို အမေရိကန်စစ်ပွဲပဋိပက္ခတွေရဲ့အကျိုးဆက်ဖြစ်ပြီး လွတ်လပ်မှုကိုသူ့နည်းသူ့ဘာသာ အဓိပ္ပါယ်ဖော်ဆောင်ထားခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ တခြားရှုထောင့်တစ်ခုမှာတော့ ကဗျာဆရာ Percy Bysshe Shelley ဟာ Anarchyဆိုတာ အစိုးရတွေက အကြမ်းဖက်မှုတွေကျူးလွန်ဖို့ ပုံဖော်ဖန်တီးမှုပုံစံတစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ သူလည်းပဲ Burke လို Anarchy ကို ကစဉ့်ကလျား၊ တရားမျှတမှုမရှိခြင်းဆိုတဲ့ အဆိုးဘက်အဓိပ္ပါယ်ဖော်ဆောင်မှုတွေနှင့် သဘောပေါက်ခဲ့ကြပါတယ်။ ၁၉ရာစုအတွင်း လူမှုဝေဖန်ရေးသမား John Ruskin ဟာလည်း အထက်ကလို အမြင်မျိုးနှင့်ချက်ကျလက်ကျ မြင်ခဲ့ပြန်ပါတယ်။ ‘government and co-operation are in all things the laws of life; anarchy and competition the laws of death’ ပါတဲ့။ ဒီအမြင်ဟာ Anarchist Communist တစ်ဦးဖြစ်တဲ့ Proudhon ရဲ့အမြင်နဲ့လုံးဝပြောင်းပြန်ပါပဲ။   အမည်ဘယ်လိုပေါက်   Anarchy ရဲ့ မင်းမဲ့ဝါဒီရေသောက်မြစ်အတွေးအခေါ်ရေသောက်မြစ်ဟာ ပြင်သစ်တော်လှန်ရေး လမ်းကြောင်းဖြစ်စဉ်အတွင်းပေါ်ပေါက်ခဲ့ရတဲ့ တော်လှန်ရေးအစိုးရရဲ့ ဝေဖန်ရေးစာတမ်းပဲဖြစ်ပါတယ်။ 1792 ခုနှစ်မှာ ပြင်သစ်နိုင်ငံအတွင်း enragés လို့ခေါ်တဲ့ တော်လှန်ရေးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်ခဲ့ပြီး သူတို့အဖွဲ့ရဲ့အမည်ဟာ (the fanatics) အရူးအမူးဖြစ်သူများလို့အဓိပ္ပါယ်သက်ရောက်ပါတယ်။ သူတို့ဟာ နာမည်နဲ့လိုက်ဖက်စွာပဲ တိုက်ပွဲတိုင်းကိုဇွဲကောင်းကောင်းနဲ့ ကျားကုပ်ကျားခဲ ပါဝင်လေ့ရှိတယ်။ သူတို့အဖွဲ့ဟာ အဓိကအားဖြင့် ပဲရစ်မြို့က အဖိနှိပ်ခံဆင်းရဲသားလူထုကို အမြတ်ကြီးစားနေတဲ့ဂုပ်သွေးစုပ်သူတွေအပေါ် ကြီးလေးတဲ့အရေးယူမှုတွေဆောင်ရွက်ဖို့ တော်လှန်ရေးအစိုးရတစ်ရပ်ထူထောင်ခဲ့ကြတယ်။ ။ ဒီအဖွဲ့ကို လက်ဝဲအတွေးအခေါ်ရှိသူ ခရစ်ယာန်ဘုန်းတော်ကြီး Jacques Roux ၊ ဓမ္မဆရာဟောင်းတွေ နှင့် လွတ်လပ်ရေးလှုပ်ရှားသူ Jean Varlet စသူတို့ပါဝင်ဖွဲ့စည်းထားပြီး ထိုအချိန်က သူတို့ကိုယ်သူတို့ မင်းမဲ့ဝါဒီတွေအဖြစ်မသတ
Jan 6, 2022
10 min
အင်တာနေရှင်‌နယ်
ထလော့ — အငတ်ဘေးကျရောက် သူတို့တတွေ ထလော့ — ကမ္ဘာတဝှမ်းက ကျေးကျွန်တွေ တော်လှန်ကာ ထစ်ချုန်းမည် ကြွေးကြော်လို့နေ နောက်ဆုံးပိတ်တိုက်ပွဲ နွှဲဆင်မလေ။   ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့်လေ ကျွေးကျွန်တွေ၊ ထလေ၊ ထကြလေ၊ အခြေအနေတွေ တို့တော်လှန်ကာသာ ပြောင်းမလေ အောင်မြင်ဖို့ရာ ရှင်းပစ်စို့လေ။   ရဲဘော်တို့လာ စုရုံးနေ အဆုံးစစ်ပွဲ၊ နွှဲမယ်လေ အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ။   ရဲဘော်တို့လာ၊ စုရုံးနေ အဆုံးစစ်ပွဲနွှဲမယ်လေ အင်တာနေရှင်နယ် စည်းရုံးစုစည်းကာနေ။   ကယ်တင်ရှင်၊ ဘယ်သောအခါကမှ မရှိပေ နတ်သိကြားနဲ့မင်းဘုရားတို့မယုံပေ နှောင်ကြိုးကို တို့လက်ရုံးဖြင့် ချိုးဖျက်မလေ သောက ဗျာပါဒ၊ လောဘကင်းစင်စေ။   လုယက်ခြင်းမှ မှန်မလွဲပင်ကင်းမလေ များပြည်သူ တူညီပျော်မြူးကြစေ အားလုံးက တာဝန်ကိုယ်စီထမ်းမလေ သံပူခိုက်ဝယ် အားစိုက်ထုနှက်ဟေ။   ရဲဘော်တို့လာ စုရုံးနေ အဆုံးစစ်ပွဲ၊ နွှဲမယ်လေ အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ။   ရဲဘော်တို့လာ၊ စုရုံးနေ အဆုံးစစ်ပွဲနွှဲမယ်လေ အင်တာနေရှင်နယ် စည်းရုံးစုစည်းကာနေ။   လယ်သမား၊ လုပ်အားစိုက်ထုတ်သူ အပေါင်းတွေ ပစ္စည်းမဲ့များနဲ့ ပေါင်းစည်းဟေ ညီရင်း ပမာ၊ အဓိဋ္ဌာန် သစ္စာပြုစို့ဟေ သွေးစုပ်ကောင်တွေမောင်းထုတ်ဟေ။   တို့ရဲ့သွေးသားသူတို့ဝါးမြိုစားသလေ နှစ်ကာလ ရှည်ကြာခံခဲ့ရပေ။ ကြောက်လန့်စိတ် အကုန်အစင်စွန့်လေ အရုဏ်ကျင်းကာ အလင်းသို့ရောက်ပြီဟေ။   ရဲဘော်တို့လာ စုရုံးနေ အဆုံးစစ်ပွဲ၊ နွှဲမယ်လေ အင်တာနေရှင်နယ် ကမ္ဘာမှာ အကုန်ညီစေ။   ရဲဘော်တို့လာ၊ စုရုံးနေ အဆုံးစစ်ပွဲနွှဲမယ်လေ အင်တာနေရှင်နယ် စည်းရုံးစုစည်းကာနေ။
Nov 16, 2021
3 min