
Clarissa Ward ရေးသားခဲ့သည် On All Fronts: Education of a Journalist စာအုပ်ကို ဆရာ လှစိုးဝေ မှ စစ်မျက်နှာစာ အသီးသီးဝယ် ဟူ၍ ဘာသာပြန်ကာ April 3 ရက် ကနေ April 7 ရက် နေ့အထိ အပိုင်း ၅ ပိုင်း ခွဲပြီး Facebook မှာ တင်ခဲ့ပါတယ်။ အဲ့ဒီ စာလေးတွေကို အစ-အဆုံး ဖတ်ပြထားပါတယ်။ ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
ကျွန်တော် ပထမဆုံး အသံသွင်းပြီး ဖတ်ကြည့်တာမို့ အသံ အရည်အသွေးညံ့ဖျင်းတာရယ်၊ တစ်ချို့နေရာလေးတွေမှာ ထစ်သွားတာတွေရယ်ပါလို့ တောင်းပန်ပါတယ်။ :D
ပုံမှန်ဆိုရင် အသံထွက်ဖတ်လေ့မရှိပါဘူး။ ဖတ်နေကြမဟုတ်တော့ တစ်ကယ်မလွယ်တာကို တွေ့ရပါတယ်။ ဆက်လက် ကြိုးစားရပါဦးမယ်။
ဘာသာပြန် ရေးသားသူ - လှစိုးဝေ (https://www.facebook.com/soewai66)
အသံ - ဟိန်းကိုလွင်
မူရင်းစာအုပ် - On All Fronts: Education of a Journalist by Clarissa Ward
Apr 8, 2021
35 min

ဂျူး ရေးသား တဲ့ ရေမျောသီး ဝတ္ထုတိုကို ဟေမာနေဝင်း က ဖတ်ပြထားတာ ဖြစ်ပါတယ်။
အသံဖိုင်ကို Soundcloud မှ ရယူထားတာဖြစ်ပါတယ်။
ဝတ္ထုတိုကို ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
မူပိုင်ခွင့်မှာ စာရေးသူ - ဂျူး နှင့် အသံရှင် - ဟေမာနေဝင်း တို့သာ ပိုင်ဆိုင်ပါသည်။
Aug 10, 2011
24 min

ဆရာမဂျူး ရဲ့ မြရဲ့လ ဝတ္ထုတို လေး ကို အဆိုတော် ထူးအိမ်သင် က ဖတ်ခဲ့တဲ့ အသံဖိုင်ကို Podcast အဖြစ် ပြောင်းလဲထားပါတယ်။
၁၉၉၆ ခုနစ်၊ ဇန်နဝါရီလ ထုတ် ကလျာမဂ္ဂဇင်း မှာ ရေးသားထုတ်ဝေခဲ့ခြင်းဖြစ်ပါတယ်။ အသံသွင်းခဲ့တဲ့ ကာလကိုတော့ မသိရပါ။
Youtube မှာ တွေ့ပေမယ့် Podcast အနေနဲ့ မရှိသေးတာကြောင့် ပြန်တင်ထားပါတယ်။ (Anchor ကို စမ်းချင်တာလည်းပါပါတယ်)
အသံဖိုင်ကို ကြည်လင်ပြတ်သားတဲ့ https://soundcloud.com/akmoe-uk/htoo-eain-thin-mya-ye-la ကနေ ယူထားပါတယ်။
ဝတ္ထုကို ဖတ်ချင်ပါက ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။
မူပိုင်ခွင့်မှာ စာရေးသူ - ဂျူး နှင့် အသံရှင် - ထူးအိမ်သင် တို့သာ ပိုင်ဆိုင်ပါသည်။
Dec 31, 1995
31 min

၁၆ ရက်၊ ဒီဇင်ဘာလ၊ ၁၉၉၄ ခုနစ်တွင်ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ မှ ဆရာဦးအောင်သင်း ဟောပြောခဲ့တဲ့ အသံဖိုင် ကို အနည်းငယ် မွမ်းမံပြီး ပြန်လည်တင်ဆက်ထားခြင်း ဖြစ်ပါသည်။ Youtube တွင်တွေ့ရသော Video file များမှ ရယူထားခြင်းဖြစ်ပါသည်။ ဟောပြောခဲ့သည့် ခုနစ်မှာ အတော်ကြာပြီဖြစ်သော်လည်း အခုအချိန်အထိ မှတ်သားဖွယ်ရာများနှင့်အတူ ဆရာကြီး၏ လူငယ် များအပေါ် အမျှော်အမြင်များကို ကြားသိနိုင်ပါသည်။
ဆရာ ဦးအောင်သင်း (၁၉၂၇ ခုနှစ် - ၂၀၁၄ ခုနှစ်)
ဆရာကြီးသည် ၂၀၁၄-ခု၊ အောက်တိုဘာလ(၂၅)ရက်၊ ၁၀ နာရီ ၇ မိနစ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။ ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ် ရှိပြီဖြစ်သည်။
အောက်ပါ ထင်ရှားသော စာအုပ်/ ဆောင်းပါးများကို ရေးသားခဲ့သည်။
စာပေရေးရာဆောင်းပါးများ
ဝတ္ထုရေးရာဆောင်းပါးများ
အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များ(ပ၊ဒု)
မျိုးဆက်သစ်တိုးတက်ရစ်ဖို့
အမွေ
ကန့်ကူလက်လှည့်
ကိုယ်ကျင့်နဲ့ပညာ
နှစ်ကိုယ်သိ (နိုင်ငံတကာဝတ္ထုတိုများဘာသာပြန်)
အာဖရိကမုဆိုး (ဘာသာပြန်)
လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ
ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ
မျိုးဆက်သစ်တွက် ပိဋကတ်မိတ်ဆက်
မျိုးဆက်သစ်တွက် ဂန္ထဝင်မိတ်ဆက်
Dec 16, 1994
1 hr 46 min
