Heinko's Space
Heinko's Space
Hein Ko
စာပေထဲက လူငယ့်သမိုင်း - အောင်သင်း
1 hour 46 minutes Posted Dec 16, 1994 at 4:00 am.
0:00
1:46:57
Download MP3
Show notes

၁၆ ရက်၊ ဒီဇင်ဘာလ၊ ၁၉၉၄ ခုနစ်တွင်ပြုလုပ်ခဲ့သော စာပေဟောပြောပွဲ မှ ဆရာဦးအောင်သင်း ဟောပြောခဲ့တဲ့ အသံဖိုင် ကို အနည်းငယ် မွမ်းမံပြီး ပြန်လည်တင်ဆက်ထားခြင်း ဖြစ်ပါသည်။ Youtube တွင်တွေ့ရသော Video file များမှ ရယူထားခြင်းဖြစ်ပါသည်။ ဟောပြောခဲ့သည့် ခုနစ်မှာ အတော်ကြာပြီဖြစ်သော်လည်း အခုအချိန်အထိ မှတ်သားဖွယ်ရာများနှင့်အတူ ဆရာကြီး၏ လူငယ် များအပေါ် အမျှော်အမြင်များကို ကြားသိနိုင်ပါသည်။


ဆရာ ဦးအောင်သင်း (၁၉၂၇ ခုနှစ် - ၂၀၁၄ ခုနှစ်)

ဆရာကြီးသည် ၂၀၁၄-ခု၊ အောက်တိုဘာလ(၂၅)ရက်၊ ၁၀ နာရီ ၇ မိနစ်တွင် ကွယ်လွန်ခဲ့ပြီဖြစ်ပါသည်။ ကွယ်လွန်ချိန်တွင် အသက် (၈၈)နှစ် ရှိပြီဖြစ်သည်။

အောက်ပါ ထင်ရှားသော စာအုပ်/ ဆောင်းပါးများကို ရေးသားခဲ့သည်။

  • စာပေရေးရာဆောင်းပါးများ
  • ဝတ္ထုရေးရာဆောင်းပါးများ
  • အကြိုက်ဆုံးဝတ္ထုတိုများနှင့် သုံးသပ်ချက်များ(ပ၊ဒု)
  • မျိုးဆက်သစ်တိုးတက်ရစ်ဖို့
  • အမွေ
  • ကန့်ကူလက်လှည့်
  • ကိုယ်ကျင့်နဲ့ပညာ
  • နှစ်ကိုယ်သိ (နိုင်ငံတကာဝတ္ထုတိုများဘာသာပြန်)
  • အာဖရိကမုဆိုး (ဘာသာပြန်)
  • လှလိုက်တာနော်နှင့်ရသစာတမ်းငယ်များ
  • ကမ္ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ
  • မျိုးဆက်သစ်တွက် ပိဋကတ်မိတ်ဆက်
  • မျိုးဆက်သစ်တွက် ဂန္ထဝင်မိတ်ဆက်