Show notes
အအေးခွက်ဖယ်လိုက်ရင် ရေစက်အကွင်းလေးကျန်ခဲ့သလိုမရည်ရွယ်ထားတဲ့ ကဗျာတွေ ရင်မှာ ကျန်ခဲ့ရတယ်နင်နဲ့ငါက သီးခြားစီပဲနင်နဲ့ငါက တခုတည်းပဲသီးခြားနေ အဖွဲ့အစည်းတခုရဲ့စုစုပေါင်းစွမ်းအင်က ကိန်းသေပဲနင်ပျော်ရင် ငါပျော်ပါတယ်ငါမျှော်ရင်လည်း နင်မျှော်နေမှာပဲဆုံတွေ့ဖို့ လိုတာက တယောက်ဆံပင်နဲ့နောက်တယောက်ရဲ့ လက်ချောင်းတွေ သီးသန့်ပဲငါတို့ စိတ်တွေက ဝေးတယ်လို့မှ မရှိခဲ့တာဝမ်းနည်းစရာရှိလာတိုင်း နင်ရှိတယ်ကနေနင်ရှိရင်ကောင်းမယ်လို့ ပြောင်းတွေးနေရတယ်ဒါကပဲ ဝမ်းနည်းစရာ အကြောင်းရင်းလည်းဖြစ်ရင်ဖြစ်နေတတ်တယ်အနာဆိုတာ မနာတဲ့နေရာပါ နာရမှာပဲအရင်ကထက် စာရင်တော့ ငါ တည်ငြိမ်သွားတယ်ရေပြင်တခုလို ငါ တည်ငြိမ်သွားတယ်နင် ဘယ်ပုံသဏ္ဍန်နဲ့ ထိမှန်လာလာဝိုင်းစက်မှု တမျိုးနဲ့ပဲ ဂယက်ထနေဦးမယ့်ရေပြင်တခုလို ငါ တည်ငြိမ်သွားပါတယ်ချောင်းတခုမှာ ရေနှစ်ခါမချိုးနိုင်လည်းနင်တယောက်ကိုတော့ နှစ်ခါချစ်ချင်တယ်လွဲခဲ့တယ်ဆိုတာလည်း အချိန်ကလွဲလို့ အရာရာမှန်ခဲ့သားပဲဖြစ်လေရာ ဘဝတိုင်းအတွက်ရောက်လေရာ ဘုရားတိုင်းမှာ ငါ နာရီလှူဖြစ်တယ်သတိရပါတယ်အစစအရာရာနဲ့ ရာရာစစပေါ့ ကလေးရယ် မြတ်ကျော်



