Show notes
“ ညီမလေးကို ထိန်းတဲ့နေ့ ”▬▬▬▬👼🏼 ▬▬▬ကြည့် … ဟိုမှာနွေနှောင်းစံပယ်တွေ လုပ်ပုံမိုးဦးမြင်ရုံနဲ့ ညဝတ်စုံတွေ ဖရိုဖရဲ အိပ်ရာထဲထား ဒုန်းပြေးသွားကြတာ ။.လာ…ညီမလေးဖားကလေးတွေလို တို့လည်းမိုးရေချိုးကြမယ်အမေဆူမယ်..လားနွေမှာသားပိုက်ကောင်တွေ ၊ဆောင်းမှာ နှံကောင်လေးတွေဒီလိုပဲခုန်ဆွခုန်ဆွ လုပ်ကြတာ“ကျန်းမာရေးအတွက်”လို့ ပြောလိုက်မှာပေါ့။.လူဟာ… ကုက္ကိုပွင့်တွေလို ၊ လဲမှို့ပွင့်တွေလိုသတ္တိကောင်းဖို့လိုတယ်လို့ကိုကို ထင်တယ်ကွ။ကြည့်…ဟိုမှာသူတို့အမြင့်ကြီးတက်ပြီးလေထီးခုန်ကြတယ်လေ၊ခရေတွေဆို ခုန်ချရင်းမြေကြီးကို ရေမွှေးတောင် ဆွတ်ပေးသွားသေး။.ဒီထင်းချောင်းဟာနန်းတော်ဟောင်းရဲ့ ခေါင်မိုးကွ ၊သူပြောပြတာက " နိုင်သူအကုန်စားကြေးမှာ နောင်တနဲ့ ကြေကွဲခြင်းတွေလည်း ရခဲ့ပါသတဲ့" ဘာ…ညီမလေး နားမလည်ဘူး ဟုတ်လားညည်းဇယ်တောက်တုန်းက နိုင်တဲ့သြဇာစေ့တွေ နည်းနည်းပေး ၊ကိုကိုက မာလကာသီး တစ်ခြမ်းကျွေးမယ်အဲ့ဒါပြောတာ ။.မီးလုံးတွေ ထွင်တဲ့ အက်ဒီဆင်ဟာငယ်ငယ်က အမေးအမြန်းထူသတဲ့ ၊ကမ္ဘာကြီးကို လင်းစေခဲ့သူမှန်သမျှ ကလေးဘ၀မှာအမေးထူကြ ၊ စပ်စုကြတယ်၊ တွေးကြတယ်။ ညီမလေး..လာကိုကိုဖတ်တဲ့ စာအုပ်မှာ လာရှုပ်ပါလှည့် ၊လူတွေက ဇာတာမှာ အသက် ၁၂၀ ရှည်စေသောဝ်၊ကျောက်ပုစွန်ကြီးတွေ အသက်က..ဒီထက်တောင် ကျော်သေးတယ် ၊သူတို့သေတော့ ရုပ်ကြွင်းကို ဧည့်ခန်းမှာ အလှချိတ်ခံရ ။.ပုစဉ်းကောင်လေးတွေ သက်တမ်းဟာ၃၆နာရီပဲ ကြာပေမယ့်လူတွေ ဟယ်လီကော်ပတာ ထွင်ဖို့နမူနာ ပျံပြခဲ့။.ဆင်ကလေးတစ်ကောင်လောကကြီးထဲ ရောက်ဖို့အရေးသူတို့မေမေဗိုက်ထဲ ၂နှစ်စောင့်ရသေးတာ ဖတ်ပြတဲ့အခါ " အကြာကြီးပဲ သူတို့မပျင်းဘူးလားဘာတွေတွေးနေကြမလဲ၊ ဘယ်လိုများနေကြမလဲ"ညီမလေးက မေးတယ်။.အဲ့သလို တွေးစမ်းပါ့ ၊ မေးစမ်းပါ့ ဆိုတဲ့အခါ“ ခွေးတွေ ကြောင်တွေမှာ အတွေးရှိလား ”၊ “ မိုးပေါ်မှာ ကြယ်တွေကုန်သွားရင်ဘယ်လိုလုပ်မလဲ”တဲ့။ကိုကိုလည်း စာအုပ်ကြီးတဗျန်းဗျန်းလှန် အဖြေရှာနေတုန်း ကြယ်ကြွေတာ မြင်တော့ညီမလေးဟာ “မီးမီးအပေါ် ပြုတ်ကျရင် ဒုက္ခ” ဆိုပြီး သူ့ခေါင်းကို လက်ကလေးနဲ့ အုပ်ပြေးလေရဲ့။.#မင်းကိုနိုင်( ၂၀/၆/၂၀၁၇ ၊



