Doh Athan - Our Voice
Doh Athan - Our Voice
Doh Athan - Our Voice
ဒီဂျစ်တယ်အမှောင်ရိပ်အောက် အကြမ်းဖက်ခြောက်လှန့်ခံ အမျိုးသမီးများ Episode: 392
10 minutes Posted Mar 18, 2026 at 8:58 am.
0:00
10:59
Download MP3
Show notes
ဖုန်းစခရင်ပေါ်က စာတို ဒါမှမဟုတ် ကွန်မန့်တခုက ကိုယ့်ကို စိတ်အဆင်မပြေစေအောင် ခြောက်လှန့်ခံရတာမျိုး ကြုံခဲ့ကြဖူးလား?
ဝေဖန်မှုနဲ့ ဆဲဆိုမှုတွေက လူပေါင်းစုံ ရှိကြတဲ့ ဆိုရှယ်မီဒီယာရဲ့ ပုံမှန် သဘောသဘာဝလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် နည်းပညာ၊ ဆိုရှယ်မီဒီယာပလက်ဖောင်း၊ စာပေးပို့တဲ့ apps တစ်ခုခုကို အသုံးပြုပြီး တစ်စုံတစ်ယောက်ကို ထပ်ခါတလဲလဲ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာ၊ ထိခိုက်စေအောင် ပြုမူတာ စတာတွေက ဝေဖန်မှုတခုထက် ပိုပြီး စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုကို ဖြစ်ပေါ်စေတဲ့ နည်းပညာအခြေပြု အကြမ်းဖက်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။
ဒီတစ်ပတ် ဒို့အသံ podcast မှာ ဒီအကြမ်းဖက်မှုတွေကို ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ အမျိုးသမီးဦး‌​ဆောင်သူတွေအကြောင်း တင်ဆက်ထားပါတယ်။