Doh Athan - Our Voice
Doh Athan - Our Voice
Doh Athan - Our Voice
မင်္ဂလာပါ ။ Frontier Myanmar ကနေ တင်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ “ဒို့အသံ” Podcast အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီစဉ်တစ်ခုဖြစ်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေးအကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ စုံစမ်းဖော်ထုတ်ထားတဲ့တင်ပြမှုတွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့်မေးမြန်းထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် အလွယ်တကူမကြားနိုင်တဲ့ ဘက်မျှတဲ့ နိုင်ငံတွင်းက ပြည်သူ့အသံတွေကို တတ်နိုင်သမျှ ကြိုးစားတင်ပြပေးသွားမှာပါ။ ဒီအစီအစဉ်ကို Frontier Myanmarရဲ့ website နဲ့ Facebookစာမျက်နှာပေါ်မှာ အပတ်စဉ် စနေနေ့တိုင်း ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတူတူရှိနေဖို့ ဖိတ်ခေါ်ပါရစေ။ Welcome to Doh Athan (Our Voice), an exciting new podcast from Frontier Myanmar. This online audio programme, the first of its kind in Myanmar, will help shine a spotlight on human rights issues that affect people across this beautiful country. We will leave no stone unturned in our attempts to bring unheard and moderate voices into the national dialogue through in-depth reporting and far-reaching interviews.
ခေတ်ဆိုးထဲက မိဘတို့ရဲ့ ပညာရေးအမွေပေးရေး သောက​ Episode :397
ကလေးတစ်ယောက်က သူပညာတတ်ရင် သူ့ရွေးချယ်ခွင့် မြို့ပြ ကျောင်းမှာပဲ​နေနေ၊ NUG အစိုးရရဲ့ ပညာသင်ဌာနမှာသင်သင်၊ နိုင်ငံတကာ ကျောင်းတွေမှာ အင်တာနက်တွေက တဆင့် သင်သင်၊ဒါက သူ့ရဲ့ ရွေးချယ်ခွင့်လို့ ကျွန်တော်တို့က ရှုမြင်တယ်။ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေကြတဲ့ ကျောင်သားတွေကို အထူးအစီအစဉ်နဲ့ ကျောင်းပြန်တက်ရောက်နိုင်တယ်လို့ ဒီနှစ်စာသင်နှစ်မှာ စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။ အဲဒီနောက် NUG ပညာရေးအောက်မှာ သင်ကြားနေကြတဲ့ အညာဒေသက ကျောင်းသားတချို့ စစ်ကော်မရှင်လက်အောက်ခံ စာသင်ကျောင်းတွေဆီကို ပြောင်းရွှေ့တက်ရောက်သွားကြတာတွေလည်း ရှိနေပါတယ်။ စစ်ကော်မရှင်ရဲ့ စာသင်ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လုံခြုံရေးကို စိုးရိမ်ပြီး ကျောင်းပြောင်းရွှေ့ကြတာကလည်း အဓိကအကြောင်းအရင်းတစ်ခုဖြစ်နေပါတယ်။ တော်လှန်အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေအကြား ကျောင်းပြောင်းရွှေ့ရေး မရွှေ့ရေး သဘောထားအမျိုးမျိုးကွဲပြားမှုတွေရှိလာပါတယ်။ ဒီတစ်ပတ်ရဲ့ ဒို့အသံအစီအစဉ်မှာ ကလေးပညာရေးအတွက် ကျောင်းသားမိဘတွေရဲ့ ရွေးချယ်မှု၊ စိုးရိမ်မှု စိတ်ခံစားမှုတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အမြင်သဘောထားတွေကို တင်ဆက်ထားပါတယ်။
Jul 6
13 min
Sagaing ground situation
ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲအပြီးမှာ စစ်တပ်က တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားခဲ့တဲ့ စစ်ကိုင်း-ကချင်အစပ်က ကသုံးလုံးဒေသလို့သိကြတဲ့ ကသာ၊ ကောလင်း၊ ကန့်ဘလူခရိုင်ထဲက မြို့တွေကိုလည်း လေကြောင်းက တစ်ဖုံ၊ မြေပြင်က တစ်မျိုး မနားတမ်း ထိုးစစ်ဆင်နေပါတယ်။ တော်လှန်ရေးတပ်တွေ သိမ်းယူထားခဲ့တဲ့အင်းတော်၊ မော်လူးမြို့တွေကို ဧပြီနဲ့မေလတွေမှာ ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ စစ်တပ်က ကြေညာခဲ့ပါတယ်။ အလားတူ စစ်ကိုင်းတိုင်း အတွင်းပိုင်းဒေသတွေဖြစ်တဲ့ ရွှေဘိုခရိုင်နဲ့ ယင်းမာပင်ခရိုင်ထဲက မြို့ရွာတွေကိုလည်း ထိုးစစ်အရှိန်မြှင့်နေသလို အိန္ဒိယ-မြန်မာနယ်စပ်က စစ်ကိုင်းဒေသ၊ ကလေးကဘော် ချိုင့်ဝှမ်းဒေသ၊ ခမ်းပတ်၊ တမူးမြို့တွေကိုလည်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ စစ်ကိုင်းတိုင်းတွင်းက တရုတ်စီမံကိန်းတွေနဲ့ဆက်စပ်ဒေသတွေနဲ့ အရေးကြီးတဲ့ကုန်သွယ်ရေးလမ်းပိုင်းတွေကို အဓိက ထိုးစစ်တွေလုပ်ဆောင်နေတာလို့ စစ်ရေး နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။ ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေရဲ့ ထောက်ပံ့ရေးလမ်းကြောင်းတွေ ဖြတ်တောက်ဖို့နဲ့ ခြေကုပ်နေရာတွေကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်သွားမယ်လို့ ယူဆကြပါတယ်။ စစ်တပ်ရဲ့ကာကွယ်ရေးဦးစီးချုပ်သစ်လက်ထက် ကျင့်သုံးနေတဲ့ စစ်ရေးဗျူဟာ အလှည့်အပြောင်းတွေက ဘာလဲ။ စစ်ကိုင်းတိုင်းက ထိုးစစ်တွေအကြောင်းကို စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းအဖွဲ့ဝင်ဖြစ်သလို စစ်ကိုင်းအညာ- အခြေစိုက် နိုင်ငံရေးလေ့လာသူ - ကိုစိုးဝင်းဆွေနဲ့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI တာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးတို့ကို သီးခြားစီ တွေ့ဆုံမေးမြန်းထားပါတယ်။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #စစ်ကိုင်းထိုးစစ် #အင်းတော် #မော်လူး #စစ်ကိုင်း-ကချင်စစ်ရေး #စစ်ဗျူဟာ #ကာကွယ်ရေးဦးစီးချုပ်သစ်
Jun 26
14 min
တရားဝင်လုပ်သားတွေရဲ့  ပြည်ဝင်ထွက်ခွင့်အခက်အခဲ: (သို့) OWIC ပေးတဲ့ သောက Episode: 396
“ဒီက ဂျပန်တွေကို ငါတို့နိုင်ငံပြန်ဖို့အတွက် ငါ့ကို ခွင့်စာပေးပါလို့ ပြောတဲ့အခါကျတော့ သူတို့ကလည်း ကိုယ့်နိုင်ငံပြန်တာကို ဒီခွင့်စာ လိုအပ်လားလို့မေးတယ်။” အထောက်အထားအပြည့်အစုံနဲ့ ကိုယ်မွေးဖွားရာတိုင်းပြည်ကိုပြန်ဖို့ အခက်ကြုံဖူးပါသလား။ ပြည်ပမှာတရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ လက်ရှိမှာ မြန်မာပြည်ပြန်ဖို့ရာ အခက်ကြုံနေရပါတယ်။ ပြည်ပရောက်လုပ်သားတွေ လုပ်ငန်းခွင်က ခွင့်ရရှိတဲ့အခါ အလည်အပတ် ဒါမှမဟုတ် အရေးပေါ် မိသားစုကိစ္စ စတာတွေအတွက် မြန်မာပြည်ကို ခေတ္တ ပြန်လာလေ့ ရှိပါတယ်။ အဲဒီလို ပြန်လာကြသူတွေ ခွင့်ရက်စေ့တဲ့အခါ မြန်မာပြည်က ပြန်လည် ထွက်ခွါခွင့် မရလို့ လနဲ့ ချီ ပိတ်မိနေကြပြီး အလုပ်အကိုင် ဆုံးရှုံးရသူတွေတောင် ရှိနေပါပြီ။ ဒီတစ်ပတ်မှာတော့ ပြည်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရထားတဲ့ အလုပ်သမားတွေရဲ့ ပြည်ဝင်ထွက်ခွင့် အခက်အခဲတွေနဲ့ OWIC ကတ်က ပေးတဲ့ သူတို့သောကတွေကို တင်ဆက်ပေးသွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #OWICကတ် #ရွှေ့ပြောင်းမြန်မာအလုပ်သမားများ #အလုပ်သမားအခွင့်အရေး
Jun 13
19 min
Anyar’s ashes: Victims of village burnings grow weary of displacement Episode: 395
Myanmar’s central Dry Zone, also known as Anyar, has borne the brunt of the military regime’s widespread practice of burning villages and destroying food sources, a campaign that locals in Sagaing Region say is aimed at weakening people’s resilience and reducing support for the resistance. #DohAthan #FrontierMyanmar #Sagaing #Anyar #burninghome #military #ArmedResistance
Jun 6
13 min
အညာမြေ ပြာပုံထက်မှ ဖီးနစ်ဌက်တို့ မောလှပြီ Episode: 395
"စိတ်မကောင်းဘူးပေါ့ဗျာ။ ဟိုပြာပုံထဲက ဖီးနစ်ငှက်တို့ ဘာတို့ ကျွန်တော်တို့ တင်စားတာပေါ့။တကယ်တော့ ကျွန်တော်တို့ဖီးနစ်ငှက်ကလည်း တော်တော်ပင်ပန်းနေပြီလို့တောင် ပြောလို့ရပါတယ်။ အဲဒီလို အခင်းအကျင်းပေါ့နော်။" ၂၀၂၆ ဧပြီလလယ်မှာ အသွင်ပြောင်းစစ်အစိုးရက ရက် ၁၀၀ စီမံချက် ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နင်းဖို့နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေ ပြန်လည်စိုးမိုးရေး အတွက် စစ်တပ်က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်ရာမှာ အညာဒေသက ကျေးရွာပေါင်း ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အတိုက်အခံအစိုးရအဖွဲ့ဖြစ်တဲ့ NUG က ထုတ်ပြန်ပါတယ်။ Data for Myanmar က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ အိမ်ခြေ ၈၀၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။သူတို့ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရပြီး နှစ်ရှည်လများ တည်ဆောက်ထားခဲ့ရတဲ့ ဘဝတွေ ပျက်ဆီးခဲ့ပါတယ်။ စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေရဲ့ ခံနိုင်ရည်နဲ့ တော်လှန်ရေးအပေါ် ထောက်ခံစိတ်ကို စနစ်တကျ ဖြိုခွဲဖို့ ရည်ရွယ်နေတယ်လို့ ဒီဆောင်းပါးအတွက် ဒို့အသံက တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ပွဲနှစ်ကြာလာချိန်မှာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေရပြီး ကျပ်တည်းမှုတွေကြားက ဒေသခံတွေရဲ့ တော်လှန်ရေးနဲ့ ရှင်သန်ရေးအကြား လွန်ဆွဲနေရတဲ့ အခြေအနေကို ဒီတပတ်မှာ ဒို့အသံအစီအစဉ်မှာ နားဆင်ရမှာပါ။
Jun 2
14 min
Growing crisis: Few alternatives for Shan opium farmers Episode: 394
As demand for opium drops, farmers in Shan State are finding the harvests to be less profitable than they once were, but they also face challenges growing and selling alternative crops.
May 23
16 min
နည်းပညာဖိနှိပ်မှုများကြားက တော်လှန်ပြည်သူများ Episode: 393
မြန်မာစစ်အာဏာရှင်ဟာ လူထုကို အင်အားသုံးပြီး ဖိနှိပ်ရုံသာမက နည်းပညာစောင်ကြည့်မှုနဲ့ ထိန်းချုပ်မှုတွေကို ပိုမိုလုပ်ဆောင် လာနေပါတယ်။ SIM ကဒ်ကို အသုံးပြုပြီးစောင်ကြည့်တာ၊ CCTVတွေမှာ မျက်နှာကိုမှတ်မိတဲ့စနစ်တွေကို အသုံးပြုတာ ၊ အင်တာနက်ပိတ်ဆို့တာ အစရှိတဲ့ နည်းပညာတွေအသုံးပြုပြီး ပြည်သူတွေကို အသံတိတ်အောင်လုပ်နေပါတယ်။ အဲဒီလို ပြုလုပ်နေတဲ့ ကြားကပဲ တက်ကြွလှုပ်ရှားသူတွေနဲ့ပြည်သူတွေဟာ နည်းလမ်းပေါင်းစုံ ရှာဖွေပြီး တွန်းလှန်နေကြဆဲပါ။ ဒီတစ်ပတ်ဆောင်းပါးမှာတော့ စစ်ကော်မရှင်က ဘယ်လိုနည်းပညာတွေကိုအသုံးပြုပြီး ပြည်သူတွေကို ဖိနှိပ်နေသလဲ၊ အဲဒီအခြေအနေတွေကို ဘယ်လိုကျော်လွှားနိုင်မလဲ ဆိုတဲ့ အကြောင်းကို တင်ဆက်ပေးမှာပါ။
May 19
17 min
Surveillance State: Myanmar's Digital War Episode :393
A brutal digital crackdown is underway in Myanmar. The junta tracks SIMs, scans faces, and bans VPNs—turning technology into a weapon of total control. Yet resistance persists in the shadows. Welcome to Doh Athan. This week: surveillance, fear, and defiance in Myanmar's digital war.
May 16
13 min
ရှမ်းတောင်က ဘိန်းစိုက်တောင်သူတွေရဲ့ အကျပ်အတည်း
“အခုနောက်ပိုင်းမှာကျ ဘိန်းတွေက ဈေးမရှိတာက တစ်မျိုး၊ သွင်းအား (ဓာတ်မြေဩဇာ)က ဈေး တအားကြီးတာကတစ်မျိုး၊ နောက်ပြီးတော့ ဘိန်းကတရားမဝင်ဘူးလေ။ တရားမဝင်တော့ ရောင်းရတဲ့အချိန်ကျတော့ အခက်အခဲတွေ့တယ်။” ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုတွေ ဆက်လက်ရှိနေပေမဲ့ အရင်ကလောက် ဝင်ငွေမကောင်းတော့ပါဘူး။ ဒီလိုအခြေအနေတွေကြောင့် ဘိန်းတောင်သူတွေက အစားထိုးသီးနှံတွေကို ပြောင်းလဲစိုက်ပျိုးဖို့ ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့လည်း နိုင်ငံလုံးဆိုင်ရာ ဘိန်းပပျောက်ရေးမူဝါဒ အားနည်းမှုတွေအပြင် နိုင်ငံတကာရဲ့ အကူအညီတွေကလည်း ကင်းမဲ့တာမို့ သူတို့ကြိုးစားမှုတွေက အရာမထင်နေပါဘူး။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်တောင်ပိုင်း တောင်ကြားလွင်ပြင်ထဲက ဘိန်းစိုက်ခင်းတွေဆီကို ခေါ်ဆောင်သွားမှာပါ။
May 8
16 min
ပတ်စ်ပို့ဥပဒေသစ်နှင့် နောက်ဆက်တွဲဆိုးကျိုးများ
မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ဥပဒေသစ်မှာ အခန်း ၈ ခန်း ပါဝင်ပြီး ဒီဥပဒေသစ်မှာ အီလက်ထရောနစ်ပတ်စ်ပို့စနစ်သစ်အပါအဝင် ပတ်စ်ပို့အသစ် ပြုလုပ်တာနဲ့ သက်တမ်းတိုးတာတွေ လုပ်ဆောင်ရာမှာ တင်းကြပ်ထားတဲ့ ကန့်သတ်ချက်တွေ ပါဝင်လာပါတယ်။ ဥပဒေသစ်ရဲ့ဆိုလိုရင်းက ဘာတွေလဲ။ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေအပါအဝင်၊ ရွေ့ပြောင်းမြန်မာလုပ်သား တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိနေလဲဆိုတာကို ဥပဒေပညာရှင် ဒေါက်တာဖိုးဖြူနဲ့ ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူ ဦးထူးချစ် တို့ရဲ့ ပြောပြချက်တွေကို ဒီတစ်ပတ်ရဲ့ ဒို့အသံပေါ့ကတ်မှာ တင်ဆက်ထားပါတယ်။
Apr 7
14 min
Load more