Doh Athan - Our Voice
Doh Athan - Our Voice
Doh Athan - Our Voice
မရှောင်လွှဲနိုင်တဲ့ စစ်ဘေးရှောင်စခန်းတွေက အရေပြားဝေဒနာ
12 minutes Posted Mar 11, 2026 at 12:00 pm.
0:00
12:51
Download MP3
Show notes
“နောက်ဆုံးကျတော်တောင်မှ ဖြစ်ခဲ့ဖူးတာဆိုတော့လေ။ ဗုံးကြဲခံရတော့ တောထဲမှာပဲနေရတော့ ရွှံ့ရောင်ရေလည်း မျက်စိမှိတ်ပြီးတော့ သုံးရတယ်။ ချိုးရတယ်။ ကျတော်ကိုယ်တိုင်လည်း ပွေးရော၊ ဝဲရော ညှင်းလည်း ပေါက်တယ်”
စစ်မီးတောက်လောင်နေတဲ့ ပဋိပက္ခဇုန်တွေမှာ စစ်ဘေးရှောင်ပြည်သူတွေအတွက် စစ်ဘေး၊ အငတ်ဘေးက စလို့ ဒုက္ခများစွာ ရှိပါတယ်။ ဒီလို ဒုက္ခများစွာထဲကမှ မသန့်ရှင်းတဲ့ ရေတွေကြောင့် ဖြစ်ပွားတတ်တဲ့ အရေပြားရောဂါဟာ တစ်ခုအပါအဝင်ပါ။ လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန်ကိုယ်တိုင်တောင် ဒီဝေဒနာကို ပြေးမလွှတ်နိုင်ခဲ့ပါဘူး။ နေ့စဥ် အသက်ရှင်သန်နိုင်ဖို့၊ စားစရာ ရရှိနိုင်ဖို့ ကြိုးစားနေရတဲ့ အပြင် ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ စစ်ဘေးရှောင်ပြည်သူတွေအပေါ် ဘယ်လောက်ထိ သက်ရောက်မှုတွေ ရှိနေပါသလဲ။
Podcastအပြည့်စုံကို နားဆင်နိုင်ပါပြီ။
#အရေပြားရောဂါ #စစ်ဘေးရှောင်စခန်း #စစ်ကိုင်းတိုင်း #ကရင်နီ #ရခိုင် #dohathan #frontier