
အလွတ်တန်းဓာတ်ပုံ သတင်းထောက်တစ်ဦး စစ်ကောင်စီ၏ ဖမ်းဆီးခံရပြီး ၃ ရက်အကြာတွင် သေဆုံး ( English below)
ရန်ကုန်၊ ဒီဇင်ဘာ ၁၄
ဒီဇိုင်းပညာရှင်တစ်ဦးဖြစ်သလို အလွတ်တန်းဓာတ်ပုံသတင်းထောက်လည်း ဖြစ်သည့် ကိုစိုးနိုင်သည် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခံရပြီးနောက် ၃ ရက်အကြာတွင် စစ်ကြောရေးစခန်း၌ သေဆုံးသွားကြောင်း မိသားစုဝင်နှင့် နီးစပ်သူများက အတည်ပြု ပြောကြားသည်။
ဒီဇင်ဘာလ ၁၀ ရက် တိတ်ဆိတ်ခြင်း သပိတ်အား ဓာတ်ပုံရိုက်ကူးနေစဉ် လသာမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ နှိပ်စက်ညှင်းပန်းမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။
" ကိုစိုးနိုင်က ခပ်အေးအေးရယ် ။ စကားတောင် သိပ်ပြောတဲ့သူမဟုတ်ဘူး ။ အဲဒီလောက် မထင်ထားဘူး" ဟု ကိုစိုးနိုင်၏ မိသားစုနှင့် နီးစပ်သူတချို့ကပြောသည်။
ဖမ်းဆီးခံရစဉ်က ကိုစိုးနိုင်နှင့်အတူ အခြားတစ်ဦးပါဝင်ပြီး ယင်း၏ အခြေအနေနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် စစ်ကြောရေးတွင် သေဆုံးခဲ့သူပေါင်း ၉၀ ခန့်ရှိပြီဖြစ်ပြီး ကိုစိုးနိုင်သည် ပထမဦးဆုံး စစ်ကြောရေးတွင် သေဆုံးသည့် မီဒီယာသမားဖြစ်သည်။
A freelance photographer killed by junta forces
December 14, Yangon
Ko Soe Naing, a freelance photographer and graphic designer, was killed in the interrogation after three days of arrest by security forces, said relatives and friends.
He was arrested on 10 December while taking photos of the silent strike in Latha Township, Yangon, and killed as a result of torture by junta security forces.
"He's a quiet person who doesn't talk a lot. I can't believe it," a closed friend told BAP.
With him, one photographer was also arrested but BAP was unable to confirm it.
About 90 people were killed in the interrogation following their arrest and Ko Soe Naing became the first journalist killed in the interrogation.
Burma Associated Press
Dec 21, 2021
1 min

ရခိုင်ကဗျာဆရာ ခန့်လူငြိမ်းရဲ့ စစ်တွေအကြောင်းပြောချင်တယ် ကဗျာကို အသံထွက်ကဗျာ အနေနဲ့ ကျွန်တော် မိုးစဲနေ ရွတ်ထားပါတယ်။
Aug 23, 2020
2 min

ကမ်းရိုးတန်းအဖွဲ့က ရခိုင်ကဗျာဆရာ ဝင်ရိုးရဲ့ကဗျာကို ကျွန်တော် မိုးစဲနေက အသံထွက်ကဗျာ အနေနဲ့ ရွတ်ထားပါတယ်
Jun 19, 2020
39 sec

ကဗျာလေးတွေကို ချစ်ရင် ခံစားနားဆင်ပေးကြပါဦး။
Jun 12, 2020
50 sec

ကဗျာတွေကိုကြိုက်ရင် ဒီ podcast ကို ရှဲလ်ပေးပါ။ Rakhita FM ကို subscribe လုပ်ပေးပါ။ လိုအပ်တာကို comment ရေးပေးပါ။ photo>> daily mail.co.uk
Apr 20, 2020
1 min

Idol ကြည့်ရင်းနဲ့ ဦးလတ်က ဘဟာအီ ဘာသာဝင် ဆိုလို့- Baha' I ဘာသာဝင်ဆိုတာဘာလဲ ဆိုတာ
Lili ရှာဖတ်ကြည့်လိုက်တယ် ..
Lili လို မသိသေးတဲ့ , သိချင်တဲ့ သူများအတွက် Sharing လုပ်ပေးလိုက်ပါတယ် နော် ☺️☺️
၁၉၃၀ ပြည့်နှစ်က မန္တလေးမှာရှိတဲ့ ဘဟာအီဘာသာရေး ခေါင်းဆောင်များ, ဘဟာအီဘာသာ ယုံကြည်သူများက မြန်မာနိုင်ငံရဲ့ အသေးငယ်ဆုံးနှင့် လူသိအနည်းဆုံး ဘာသာရေးလူနည်းစုများထဲမှ တစ်စုဖြစ်တယ် မြန်မာနိုင်ငံမှာ ဘဟာအီဘာသာ ယုံကြည်သူ ရှစ်သောင်းခန့် နေထိုင်လျက်ရှိတယ်လို့ ခန့်မှန်းရတယ် ဘဟာအီ ဘာသာက ၁၉ ရာစုနှစ် အလယ်ပိုင်းခန့်က စတင်ပေါ်ပေါက်လာခဲ့ပြီး လက်ရှိမှာ ကမ္ဘာအနှံ့အပြား (အထူးသဖြင့် အာရှ၊ အာဖရိကနှင့် အမေရိကတိုက်)မှာ လူပေါင်း ၅ သန်းခန့် ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာတစ်ခုဖြစ်တယ် , ဘဟာအီဘာသာ ယုံကြည်သူများက ဘုရားသခင်သည် တစ်ဦးတည်း ဖြစ်ပြီး ဗုဒ္ဓ၊ မိုးဇက်၊ ယေရှုခရစ်နှင့် မိုဟာမက် အစရှိတဲ့ကမ္ဘာတစ်ဝှမ်းမှ ယုံကြည်ရာ ဘာသာအမျိုးမျိုးကို တည်ထောင်သူများက ဘုရားသခင်ရဲ့ ကိုယ်ခွဲများသာ ဖြစ်တယ်လို့ယုံကြည်ကြတယ် ..
၁၈၇၈ ခုနစ်မှာ ဘဟာအီ ဘာသာရေးဆရာများကမြန်မာပြည်သို့ ရောက်ရှိလာကြပြီး လူမျိုးအမျိုးမျိုးကို ဘဟာအီဘာသာသို့ ကူးပြောင်းရန် သင်ပြပေးခဲ့ကြတယ် , စိတ်ဝင်စားစရာ ကောင်းလှတာက (အစ္စရေးရှိ ကာမဲလ်တောင်တွင်) မြုပ်နှံထားတဲ့ဘဟာအီ ဘာသာရေးခေါင်းဆောင်၏ စကျင်ကျောက်ခေါင်းတလားကြီးကို မန္တလေးမြို့တွင် ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်
Quoted: Google
By Lili
Apr 17, 2020
1 min

Foreward... Sorry for interrupting, at end end of this episode my goodbye to you are lost.
Dec 26, 2019
16 min

Key Persons Appearing In This Book. A few names have been changed to protect still living
Dec 26, 2019
2 min
Load more


