Show notes
ဒီမြို့ထဲမှာလေကျွန်တော်ဟာ ကိုယ်ကိုကိုယ်"ကျွန်တော်" လို့ပဲ နာမ်စားသုံးပြီးနေထိုင်ခဲ့တာကြာပြီအမှန်တရားရဲ့အနားသပ်မျဉ်းလေးမှာ အမှားပါတဲ့အခါ အမှန်တရားဟာ လိုတာထက်ပိုပြီး ရင့်ကျက်တည့်ငြိမ်နေပါလိမ့်မယ်မိုဘိုင်းဖုန်းတွေရဲ့ဝေးရာဆိုရှယ်မီဒီယာတွေရဲ့ဝေးရာမြို့ပြရဲ့ဝေးရာမနက်ဖြန်တွေအထိတွေးစရာမလိုတဲ့စိတ်တွေနဲ့ငါရဲ့ နာမဝိသေသနကိုငါကိုယ်တိုင် မြည်းစမ်းကြည့်ချင်တာမျိုးအမှောင်ထဲမှာနေရောင်ထိုးတဲ့ အလင်းစက်လေးတွေကိုရက်ရက်ရောရော လက်ခံရင်းအလင်းတွေနဲ့ထပ်တူကြချင်တဲ့စိတ်ဘုံဆိုင်သွားစရာမလိုပဲဆံပင်ညှပ်ဆိုင်သွားချင်နေတဲ့စိတ်မျက်နှာပေါ်မိုးစက်တွေအခါခါကျရင်အိမ်ပြန်ချင်တဲ့စိတ်အဲလိုစိတ်တွေကို သယ်ဆောင်ထမ်းပိုးရင်းငါဘဝကိုငါ စိတ်သွားတိုင်းကိုယ်ပါမယ်အဖြူရောင်လို့ဆိုလိုက်တာနဲ့ကောင်းကင်ကြီးရယ်ဆံပင်အဖြူတွေရယ်နဲ့သဘာဝဆန်ဆန် အသက်ကြီးသွားမယ်တိတ်စိတ်မူဆိုတာလည်းငါကြားချင်တဲ့အသံကိုကြားနေရတာမျိုးလို့အဓိပ္ပါယ်ဖွင့်မယ်တစ်ခါတစ်လေဘာမှမရှိတဲ့ ရင်ဘတ်ကြီးနဲ့ငိုကြွေးချင်တယ်အဲဒီရင်ဘတ်နဲ့ပဲပျော်ရွှင်ချင်တယ်ဘယ်မှသွားစရာမရှိတဲ့အခါပြန်စရာ အမေအိမ်လေးလည်းရှိရမယ်ပေါ့လေအဲလောက်ဆိုကမ္ဘာကျော်တွေနဲ့ဝေးရတာတန်ပါတယ်#HMK--- Send in a voice message: https://podcasters.spotify.com/pod/show/hlwanmoe-kyaw2/message



