Painkiller Poems
Painkiller Poems
HlwanMoe Kyaw
ဖေဖေါ်ဝါရီနေ့ရက်များ
1 minutes Posted Sep 24, 2022 at 1:47 pm.
0:00
1:19
Download MP3
Show notes
လူတစုကနေ တမဟုတ်ချင်း
တစ်ယောက်ထဲဖြစ်သွားတဲ့အခါ
ငါ့စိတ်တွေဟာ
နောက်ထပ်မြစ်တစ်စင်းပေါ်စီးမျောရင်း
ဘဝကူးကောင်းဖို့ အကြိမ်ကြိမ်ဆုတောင်းနေခဲ့
အကူအကယ်မဲ့ အတ္တတွေဟာ
ဗလာမပါ ကံစမ်းမဲဖေါက်သလို
ဝေဒနာတွေကို အခါခါဝေပေါ့
သွေးမအေးကြေးလို့
ပါးစပ်က တဖွဖွအသံထွက်နေပေမယ့်
သွေးရဲရဲသံရဲရဲတွေမြင်ပြန်တော့လည်း
ကြောက်ခဲ့မိတာပါပဲဗျာ
ယုံကြည်မူဆိုတာငါသောက်လိုက်တဲ့
အရက်ထဲက လာတာမဟုတ်ဘူး
ငါရူလိုက်တဲ့
အခိုးအငွေ့တွေထဲက လာတာမဟုတ်ဘူး
ယုံကြည်မူဆိုတာ မယုံကြည်ခြင်းကနေလာတာ
ဖေဖော်ဝါရီနေ့ရက်များက လာတာ
ကျွန်တော် အစက ဖေဖော်ဝါရီကိုမမုန်းဘူး
ခုတော့ဖြင့်
ဖေဖော်ဝါရီကို အမုန်းကြီးမုန်းမိနေတယ်
ဖေဖော်ဝါရီမှာ သေခဲ့တဲ့ နှလုံးသားတွေဟာ
ဖေဖော်ဝါရီမှာပဲ အမာရွတ်တွေရခဲ့ရပေါ့
ကဲကဲငါ့ကောင်ရေ
မင်းကိုသတိရလို့ ငါဒီလိုတွေရေးတတ်လာတာ
ဘဝမှာ စိတ်ဓါတ်ကျတိုင်း
မင်းနာမည်ကို ငါအကြိမ်ကြိမ်ရွတ်တယ်
သူငယ်ချင်း
❤️❤️❤️
သောက်ချိုးမပြေတဲ့ မြန်မာပြည်ကြီးအတွက်
#HMK
---
Send in a voice message: https://podcasters.spotify.com/pod/show/hlwanmoe-kyaw2/message