Doh Athan - Our Voice
Doh Athan - Our Voice
Doh Athan - Our Voice
တရားဝင်လုပ်သားတွေရဲ့ ပြည်ဝင်ထွက်ခွင့်အခက်အခဲ: (သို့) OWIC ပေးတဲ့ သောက Episode: 396
19 minutes Posted Jun 13, 2026 at 12:00 pm.
0:00
19:31
Download MP3
Show notes
“ဒီက ဂျပန်တွေကို ငါတို့နိုင်ငံပြန်ဖို့အတွက် ငါ့ကို ခွင့်စာပေးပါလို့ ပြောတဲ့အခါကျတော့ သူတို့ကလည်း ကိုယ့်နိုင်ငံပြန်တာကို ဒီခွင့်စာ လိုအပ်လားလို့မေးတယ်။”
အထောက်အထားအပြည့်အစုံနဲ့ ကိုယ်မွေးဖွားရာတိုင်းပြည်ကိုပြန်ဖို့ အခက်ကြုံဖူးပါသလား။
ပြည်ပမှာတရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေ လက်ရှိမှာ မြန်မာပြည်ပြန်ဖို့ရာ
အခက်ကြုံနေရပါတယ်။ ပြည်ပရောက်လုပ်သားတွေ လုပ်ငန်းခွင်က ခွင့်ရရှိတဲ့အခါ အလည်အပတ် ဒါမှမဟုတ် အရေးပေါ် မိသားစုကိစ္စ စတာတွေအတွက် မြန်မာပြည်ကို ခေတ္တ ပြန်လာလေ့ ရှိပါတယ်။ အဲဒီလို ပြန်လာကြသူတွေ ခွင့်ရက်စေ့တဲ့အခါ မြန်မာပြည်က ပြန်လည် ထွက်ခွါခွင့် မရလို့ လနဲ့ ချီ ပိတ်မိနေကြပြီး အလုပ်အကိုင် ဆုံးရှုံးရသူတွေတောင် ရှိနေပါပြီ။
ဒီတစ်ပတ်မှာတော့ ပြည်ပမှာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရထားတဲ့ အလုပ်သမားတွေရဲ့ ပြည်ဝင်ထွက်ခွင့် အခက်အခဲတွေနဲ့ OWIC ကတ်က ပေးတဲ့ သူတို့သောကတွေကို တင်ဆက်ပေးသွားမှာပါ။
#ဒို့အသံ #ဖရွန်တီးယားမြန်မာ #OWICကတ် #ရွှေ့ပြောင်းမြန်မာအလုပ်သမားများ #အလုပ်သမားအခွင့်အရေး