Doh Athan - Our Voice
Doh Athan - Our Voice
Doh Athan - Our Voice
အညာမြေ ပြာပုံထက်မှ ဖီးနစ်ဌက်တို့ မောလှပြီ Episode: 395
14 minutes Posted Jun 2, 2026 at 12:00 pm.
0:00
14:33
Download MP3
Show notes
"စိတ်မကောင်းဘူးပေါ့ဗျာ။ ဟိုပြာပုံထဲက ဖီးနစ်ငှက်တို့ ဘာတို့ ကျွန်တော်တို့ တင်စားတာပေါ့။တကယ်တော့ ကျွန်တော်တို့ဖီးနစ်ငှက်ကလည်း တော်တော်ပင်ပန်းနေပြီလို့တောင် ပြောလို့ရပါတယ်။ အဲဒီလို အခင်းအကျင်းပေါ့နော်။"
၂၀၂၆ ဧပြီလလယ်မှာ အသွင်ပြောင်းစစ်အစိုးရက ရက် ၁၀၀ စီမံချက် ကြေညာခဲ့ပါတယ်။ အဲဒီနောက်ပိုင်း လက်နက်ကိုင်တော်လှန်ရေးကို နှိမ်နင်းဖို့နဲ့ ဆုံးရှုံးသွားတဲ့နယ်မြေ ပြန်လည်စိုးမိုးရေး အတွက် စစ်တပ်က အရှိန်အဟုန်မြင့် ထိုးစစ်ဆင်ရာမှာ အညာဒေသက ကျေးရွာပေါင်း ရာကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ အတိုက်အခံအစိုးရအဖွဲ့ဖြစ်တဲ့ NUG က ထုတ်ပြန်ပါတယ်။
Data for Myanmar က ကောက်ယူထားတဲ့ စစ်တမ်းတွေအရ အာဏာသိမ်းပြီး ငါးနှစ်ကျော်ကာလအတွင်း စစ်ကိုင်းတိုင်းက ပြည်သူတွေရဲ့ အိမ်ခြေ ၈၀၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။သူတို့ရဲ့နေအိမ်နဲ့ ပိုင်ဆိုင်မှုတွေဆုံးရှုံးခဲ့ရပြီး နှစ်ရှည်လများ တည်ဆောက်ထားခဲ့ရတဲ့ ဘဝတွေ ပျက်ဆီးခဲ့ပါတယ်။
စစ်တပ်ရဲ့ ဒီလုပ်ရပ်တွေဟာ ပြည်သူတွေရဲ့ ခံနိုင်ရည်နဲ့ တော်လှန်ရေးအပေါ် ထောက်ခံစိတ်ကို စနစ်တကျ ဖြိုခွဲဖို့ ရည်ရွယ်နေတယ်လို့ ဒီဆောင်းပါးအတွက် ဒို့အသံက တွေ့ဆုံမေးမြန်းခဲ့တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ စစ်ပွဲနှစ်ကြာလာချိန်မှာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေရပြီး ကျပ်တည်းမှုတွေကြားက ဒေသခံတွေရဲ့ တော်လှန်ရေးနဲ့ ရှင်သန်ရေးအကြား လွန်ဆွဲနေရတဲ့ အခြေအနေကို ဒီတပတ်မှာ ဒို့အသံအစီအစဉ်မှာ နားဆင်ရမှာပါ။