Doh Athan - Our Voice
Doh Athan - Our Voice
Doh Athan - Our Voice
စစ်အာဏာရှင်ရွေးကောက်ပွဲအောက် စောင့်ကြည့် ဖိနှိပ်ခံ ပြည်သူများ Episode :388
10 minutes Posted Dec 9, 2025 at 3:06 pm.
0:00
10:25
Download MP3
Show notes
“အခုလုပ်မယ့် ရွေးကောက်ပွဲက ဒီမိုကရေစီရွေးကောက်ပွဲဆိုပြီး သူတို့ ပြောနေတာတွေ ရှိတယ်။ အခုက ဒီမိုကရေစီကို ချီတက်တဲ့ပုံစံ မဟုတ်ဘူး။ အဲဒီအခြေအနေကိုလည်း မရောက်နိုင်ဘူး”
ဒီတစ်ပတ်မှာတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်တရားမျှတဲ့ ဒီမိုကရေစီရွေးကောက်ပွဲလို့ စစ်ကော်မရှင်ကပြောနေပေမဲ့ တစ်ဖက်မှာလည်း ပြောကြားချက်တွေနဲ့ ဆန့်ကျင်ပြီး ပြည်သူတွေကို စောင့်ကြည့်ဖမ်းဆီးနေပါတယ်။ ဒီဆောင်းပါးမှာဖမ်းဆီးခံရသူရဲ့ ခံစားချက်တွေကိုလည်း နားထောင်ရမှာပါ။
အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၁၉ အရ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်နဲ့ လွတ်လပ်စွာ ဖွင့်ဟပြောပြနိုင်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးတွေထဲမှာ အနှောက်အယှက်မရှိဘဲ လွတ်လပ်စွာထင်မြင်ယူဆခွင့်ရှိတယ်လို့ ပါပါတယ်။
ဒီဇင်ဘာလ ၁၀ ရက် လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် ဒီဆောင်းပါးကို ထုတ်လွှင့်တင်ဆက်လိုက်ပါတယ်။
#ရွေးကောက်ပွဲ #လွတ်လပ်စွာပြောဆိုခွင့် #လူ့အခွင့်အရေး #ဒို့အသံ