Doh Athan - Our Voice
Doh Athan - Our Voice
Doh Athan - Our Voice
တစ်နိုင်ငံလုံးအရေးကိုဦးစားပေးဖို့ တော်လှန်ရေးခေါင်းဆောင်တွေပြော
30 minutes Posted Feb 1, 2024 at 11:44 am.
0:00
30:04
Download MP3
Show notes
ဒီနေ့ဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ လက်ရှိမှာ လက်နက်ကိုင်တော်လှန်ရေးက အားကောင်းလာပြီး တော်လှန်ရေးတပ်တွေက မြို့အချို့ကို သိမ်းပိုက်ထားနိုင်နေပါပြီ။ ဒါပေမယ့် နိုင်ငံရေးအရ ခုခံတွန်းလှန်မှုကအခြေအနေဘယ်လိုရှိနေပါသလဲ။အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ မြန်မာနိုင်ငံတော်အရေး ဆွေးနွေးပွဲတွေမှာ ပါဝင်နေတဲ့ မတူညီတဲ့ အင်အားစုတွေကရော ဦးဆောင်ဖို့ အသင့်ဖြစ်နေပြီလား။ဒီ Doh-Athan Doh Talk အထူးဆွေးနွေးပွဲမှာတော့ နွေဦးတော်လှန်ရေး လူထုသပိတ်ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာတေဇာဆန်းနဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူးလည်းဖြစ် သက်တမ်းရင့် နိုင်ငံရေးသမားတစ်ယောက်လည်းဖြစ်တဲ့ ဒေါ်နှင်းနှင်းမွှေးတို့က ဒီအကြောင်းတွေဆွေးနွေးတာကို နားဆင်ရမှာပါ။