Doh Athan - Our Voice
Doh Athan - Our Voice
Doh Athan - Our Voice
Ep.300တိုက်ပွဲတွေနဲ့ပိတ်ဆို့မှုတွေကြောင့် အစာပြတ်လတ်မှုကိုပြင်းထန်စွာခံစားနေရတဲ့နာဂလူမျိုးများ
12 minutes Posted Sep 2, 2023 at 3:00 am.
0:00
12:29
Download MP3
Show notes
စစ်တပ်က အာဏာသိမ်းပြီးကတည်းက နိုင်ငံအနှံ့ ပြန့်နှံ့လာတဲ့ ပဋိပက္ခတွေဟာ ဝေးလံခေါင်သီပြီး ကြမ်းတမ်းတဲ့ နာဂဒေသတွေဆီကို မရောက်သေးပါဘူး။ ဒါပေမယ့် တိုက်ပွဲတွေရဲ့ ဆိုးကျိုးတွေကိုတော့ ဒေသခံတွေက သေချာပေါက် ခံစားနေရပါတယ်။ ကုန်စည်စီးဆင်းရေးလမ်းကြောင်းတွေ ပြတ်တောက်မှု၊ သယ်ယူပို့ဆောင်ရေးမှာ စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေများပြားလာမှု တွေကြောင့် ဆန်ဈေးတွေမြင့်တက်လာပြီး နာဂဒေသခံတွေဟာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ရင်ဆိုင်နေရ ပါတယ်။ ဒီတစ်ပတ်ဆောင်းပါးကိုတော့Doh Athanရဲ့ အလွတ်တန်းသတင်းထောက်တစ်ဦးမှ တင်ဆက်ထားပါတယ်။