Show notes
သင့်ရဲ့ မိုဘိုင်း ဘဏ်အကောင့် အပိတ်ခံရဖူးပါသလား? ဘယ်သူတွေအပိတ်ခံလိုက်ရပြီလဲ သိပါသလား? စစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေကို ငွေကြေးလှူဒါန်းနေတယ်လို့ သံသယရှိတဲ့သူတွေရဲ့ ဘဏ်အကောင့် တော်တော်များများဟာ မနှစ်က အပိတ်ခံခဲ့ရပါတယ်။ ယနေ့ မြန်မာနိုင်ငံတွင် ထိတ်လန့်စရာကောင်းသော အဖြစ်မှန်မှာ သင်သည် အမှန်တကယ် လှူဒါန်းသည်ဖြစ်စေ မလှူဒါန်းသည်ဖြစ်စေ တရားဥပဒေအရ ပြန်လည်ဖြေရှင်းနိုင်ခွင့် မရှိပဲ ဖမ်းဆီးကာ ထောင်ဒဏ် နှစ်များစွာ ချမှတ်ခံရနိုင်ပါတယ်။



