Show notes
ကရင်ပြည်နယ်က လူငယ်အချို့တွေကြားမှာ အပျော်သဘောနဲ့ မူးယစ်ဆေးစမ်းသပ်သုံးစွဲမှုတွေ မြင့်တက် လာနေတာကို တွေ့နေရပါတယ်။ အာဏာမသိမ်းခင်တုန်းက အရပ်ဖက်အဖွဲ့အစည်းတွေလုပ်ဆောင်ခဲ့တဲ့ မူးယစ်ဆေးအသိပညာပေးလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးပပျောက်ရေးနဲ့ ပြန်လည်ကုစားရေးလုပ်ငန်းတွေကိုလည်း အခုဆက်ပြီးမလုပ်ဆောင်နိုင်တော့ပါဘူး။ ဒါပေမယ့် ကရင်ပြည်နယ်အတွင်းက အချို့နေရာတွေမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းက တာဝန်ရှိသူတွေနဲ့ ရပ်ရွာလူကြီးတွေ ပူးပေါင်းပြီး မူးယစ်ဆေးဝါး ပြသာနာကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။



