
နတ်သမီးပုံပြင်
မနေ့ညကထင်တယ်
ဟုတ်မယ်
ကိုယ်လန့်နိုးတော့ နတ်သမီးမရှိတော့ဘူး
ကိုယ်လန့်မနိုးခင်ကလည်း
နတ်သမီးရှိမနေခဲ့ဘူး
ကိုယ် အိပ်ခဲ့မိလားမသိဘူး
မနေ့ညကထင်တယ်
မဟုတ်သေးဘူး
နတ်သမီးကိုတွေ့တယ်
တစ်ကယ်တော့ နတ်သမီးကမရှိခဲ့ဘူး
ပြတင်းပေါက်ကနေ ညကိုချောင်းကြည့်နေခဲ့သေးတာ
အိပ်ယာဝင်ပုံပြင်တွေပြောတဲ့နတ်သမီးကို
အိပ်ယာဝင်ပုံပြင်ထဲကနတ်သမီးက
မချစ်ဘူး
ပုံပြင်ပြောတဲ့နတ်သမီးရော
ပုံပြင်ထဲကနတ်သမီးရော
ကျနော်မချစ်ဘူး
ကျနော့်ကိုနတ်ဆိုးတွေလိုက်ဖမ်းတော့
သူတို့မကယ်ကြဘူး
စုန်းမကြီးလာတိုက်တဲ့ဝိုင်ထဲက
သတိတရအဆိပ်အကြောင်း သူတို့မပြောပြဘူး
လန့်နိုးလာရင်
ထွက်သွားမယ့်အကြောင်းပြောမပြဘူး
လန့်မနိုးခင်လည်း ထွက်သွားမယ်ဆိုတာပြောမပြဘူး
ဘယ်တော့မှရှိနေမှာမဟုတ်ဘူးဆိုတာကိုတောင်မှ
ပြောပြမထားခဲ့ဘူး
ကျနော့်မှာ
အိပ်မက်တွေ
မက် လိုက် ရ တာ ။ ။
ရိုးရာ
27.11.1010
9:21pm
Jan 16, 2021
2 min
