
စူးစမ်းလေ့လာ ဥဥကုကုတို့ ကမ္ဘာ အစီအစဉ်မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်🦉🦉။ အရင်အပတ် စူးစမ်းလေ့လာ ဥဥကုကုတို့ ကမ္ဘာ အစီအစဉ်လေးမှာ ဥဥ နဲ့ ကုကု လေးတို့က Hub&Hack ပြိုင်ပွဲကြီးရဲ့ Junior winner တွေ ဖြစ်တဲ့ Lens အဖွဲ့လေးကို interview ခဲ့ပြီး အခုတစ်ခေါက်မှာတော့ Senior Level winner ဖြစ်တဲ့ The Quirky Geeks အဖွဲ့လေးကို interview မှာပဲ ဖြစ်ပါတယ် 🏆။ ဒီ Podcast လေးမှာ ဥဥ နဲ့ ကုကု တို့က The Quirky Geeks အဖွဲ့ member လေးတွေ ဖြစ်တဲ့ Nyan Lin Htet , Nyan Min Htet နဲ့ Zwe Paing Htut တို့ရဲ့
🦉Hub&Hack ပြိုင်ပွဲ တစ်လျှောက်အတွေ့အကြုံတွေ၊
🦉ပြိုင်ပွဲဝင်ဖို့ လေ့လာပြင်ဆင်ခဲ့ပုံတွေ နဲ့ 🦉ပြိုင်ပွဲဝင်နေစဉ် အမှတ်တရတွေကို တူတူပျော်ပျော်ရွှင်ရွှင် ပြောသွားမှာပဲ ဖြစ်ပါတယ်။ ❤️
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Aug 8, 2022
15 min

သားသားမီးမီးလေးတို့ရေ မီး ခနခန ပျက်လို့ စိတ်ညစ်နေကြပြီလား…. မီးမပျက်ခင် ပြင်ဆင်စရာရှိတာတွေ၊ မီးပျက်တဲ့အခါ ဘယ်လိုမျိုး activity လေးတွေ လုပ်ရမလဲဆိုတာ ကိုတော့ သားသားမီးမီးလေးတို့ သိရှိပြီးကြပြီလို့ ထင်ပါတယ်နော်။ ဒီကနေ့မှာတော့ မီးပျက်တဲ့ အကြောင်းလေးကိုပဲ ဥဥ ကုကု ဇီးကွက်လေး နှစ်ကောင် 🦉🦉 နဲ့ တခြားသူငယ်ချင်းလေး တစ်ယောက်တို့က ပေါ့ပေါ့ပါးပါးလေးနဲ့ စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်နော်။ မီးမပျက်ခင်နဲ့ မီးပျက်ပြီးချိန်တွေမှာ ဘာတွေပြင်ဆင်ရမလဲ၊ ဘယ်လို အချိန်ကို အကျိုးရှိရှိ ကုန်ဆုံးရမလဲဆိုတာ မသိသေးတဲ့ သားသားမီးမီးလေးတွေကလဲ ဒီနေ့ အပိုင်းလေးကြည့်ပြီး ဗဟုသုတရကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဖေဖေေမေမေ တို့ကလဲ podcast လေးကို အပျင်းပြေ entertainment သဘောမျိုးလေးနဲ့ နားထောင်လို့ရပါတယ်နော်👨👩👧👦👨👩👧👦။
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Mar 20, 2022
2 min

စိတ်ဖိစီးမှု (Stress) ဆိုတာ လူကြီးတွေမှာပဲ ရှိကြတယ်ဆိုတာ တကယ်တော့ လွဲမှားနေတဲ့ အချက်လေးပါ။ လူတိုင်းမှာ စိတ်ဖိးစီးမှုလို့ ခေါ်တဲ့ Stress ရှိကြပါတယ်။ ကလေးလေးတို့လဲ ကလေးကလေးတို့ အလျောက် တစ်နေ့တာ ဖြတ်သန်းနေထိုင်ရင်းနဲ့ stress လေးတွေ အနည်းနဲ့အများ ဆိုသလို ရှိကြမှာပါပဲ။ ဥပမာ ကျောင်းတက်နေရင်း ဆရာမ ဆူတာ ခံလိုက်ရလို့ စိတ်မကောင်းဖြစ်ရတာတွေ၊ သူငယ်ချင်းအချင်းချင်း ရန်ဖြစ်ပြီး စကားမပြောကြတော့လို့ နေရထိုင်ရခက်တာတွေ၊ မိဘတွေ ရန်ဖြစ်တဲ့အခါ ကြောက်လန့်ပြီး ဝမ်းနည်းနေရတာတွေ စတာတွေဟာ ကလေးငယ်တွေ အများစု ကြုံတွေ့ခံစားနေကြရတဲ့ စိတ်ဖိစီးမှုလေးတွေပဲ ဖြစ်ကြပါတယ်။ စိတ်ဖိစီးမှုကို ဖြေရှင်းဖို့အတွက် အဓိက သော့ချက်က “ရင်ဖွင့်ခြင်း” ဖြစ်ပါတယ်။ အဓိကအားဖြင့် အနီးကပ်အုပ်ထိန်းသူ မိဘတွေက ကလေးငယ်တွေ stress များပြီး နေရထိုင်ရမသက်သာတဲ့အခါ ကူညီဖြေရှင်းပေးနိုင်တဲ့ သူတွေပဲဖြစ်ပါတယ်။ မိဘ နဲ့ သားသမီးကြား ရင်ဖွင့်ခြင်း၊ တစ်နည်းအားဖြစ် ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြောဆိုခြင်းအားဖြင့် ကလေးငယ်များ stress များခြင်းမှ သက်သာနိုင်မည့်အပြင် ကလေးနဲ့မိဘကြား ယုံကြည်မှုကိုလဲ ပိုလို့ တိုးပွါးစေနိုင်ပါတယ်။
ဒါကြောင့် ဖေဖေမေမေ တို့ကလဲ ဒီနေ့ရဲ့ Podcast လေးကို သားသားမီးမီးလေးတို့နဲ့ အတူတူ နားထောင်ပြီး မိမိတို့ရဲ့ ရင်သွေးလေးတွေကို နည်းစနစ်မှန်မှန်ပြုစုပျိုးထောင်ဖို့အတွက် အကြံဥာဏ်ကောင်းများရရှိမယ်လို့လဲ မျှော်လင့်မိပါတယ်။ 👨👩👧👦 ❤️
ဒီနေ့ အပိုင်းလေးမှာတော့ ဥဥ ကုကု ဇီးကွက်လေးနှစ်ကောင် နဲ့ သူငယ်ချင်း သစ်လေး ခန့်ခန့်က
🦉စိတ်ဖိစီးမှု (stress) များနေတဲ့အခါ သူငယ်ချင်းအချင်းချင်း ဘယ်လိုရင်ဖွင့်ကြမလဲ
🦉ကိုယ်ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ဘယ်လိုထုတ်ဖော်ပြောပြကြမလဲ
🦉ဥဥ ကုကု နဲ့ ခန့်ခန့် တို့ရဲ့ stress တွေကကော ဘာတွေ ဖြစ်မလဲ စတာတွေကို ပြောပြသွားမှာ ဖြစ်ပါတယ်။ ❤️
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Mar 6, 2022
5 min

ဒီနေ့မှာတော့ ဥဥ နဲ့ကုကုတို့က သားသားမီးမီးလေးတို့ တစ်မိသားစုလုံး ကျန်းမာဖို့အတွက်
“ omicron ရောဂါအကြောင်း သိကောင်းစရာများ “
ကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
Omicron ရောဂါ ဆိုတာက တော့ လက်ရှိ ကမ္ဘာ့ ကပ်ရောဂါ Covid 19 ရဲ့ မျိုးကွဲ တစ်ခုဖြစ်ပါတယ်။
Covid 19 ရဲ့ ပထမဆုံး မျိုးကွဲကို Alpha (အယ်လ်ဖာ) လို့ခေါ်ပြီး ဒုတိယ မျိုးကွဲကို Beta (ဘီတာ)၊ တတိယမျိုးကွဲကို Delta (ဒယ်လ်တာ) လို့ ခေါ်ပီး အခု Omicron ကတော့ စတုတ္ထမျိုးကွဲ ပဲ ဖြစ်ပါတယ်။
ပထမ မျိုးကွဲ ၃ ခု က ကူးစက်ခံရပီဆိုရင် အဆုတ်ကို အဓိကားထား တိုက်ခိုက်တဲ့ အတွက်ကြောင့် အသက်ရှူ ကြပ်တာတွေ အနံ့ နဲ့ အရသာ ပျောက်တာတွေ အောက်ဆီဂျင် ပြတ်တောက်တာတွေ စတဲ့ ရောဂါလက္ခဏာတွေ ခံစားရတတ်ပြီး အသက်အန္တရာယ် စိုးရိမ်ရတတ်ပါတယ်။
အခု စတုတ္ထမျိုးကွဲ omicron မှာတော့ ကူးစက်ခံရပြီဆိုရင် လည်ချောင်းနဲ့ အပေါ်လေပြွန်ကို အဓိကထား တိုက်ခိုက်တဲ့ အတွက်ကြောင့် အနံ့ အရသာပျောက်တာတွေ အသက်ရှူ ကြပ်တာတွေတော့ ခံစားရမှာ မဟုတ်ပါဘူး။
ဒါပေမယ့်လဲ ပေါ့ပေါ့ဆဆတော့ မနေသင့်ပါဘူးနော်။ အနည်းနဲ့အများ တခြားသော
ရောဂါလက္ခဏာတွေ ခံစားကြရမှာ ဖြစ်လို့ ကူးစပ်ခံရပီဆို နီးစပ်ရာ ဆေးရုံ ဆေးခန်းတွေမှာ အချိန်မှီ အမြန် ကုသဖို့တော့ လိုအပ်ပါတယ်နော်။
အခု အပိုင်းလေးမှာတော့ ဥဥ ကုကု ဇီးကွက် နှစ်ကောင် အပြင် နောက်ထပ်
ဧည့်သည် တယောက် တို့က
🦉Omicron ရောဂါလက္ခဏာ အကြောင်း အသေးစိတ်
🦉Omicron ရောဂါ ကူးစက်ခံရပီဆို ဘယ်လိုတွေ နေထိုင်ရမလဲဆိုတာတွေ
🦉 Omicron ရောဂါ မဖြစ်ရလေအောင် ဘယ်လိုတွေ နေထိုင်စားသောက်ရမလဲ
စတာတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Feb 20, 2022
5 min

ခေါင်းစဥ်လေးအကြောင်းမပြောခင် သားသားမီးမီးတို့အတွက် စိတ်၀င်စားဖွယ်ရာကောင်းတဲ့ အကြောင်းအရာအသစ်သစ်တွေကို ဖန်တီးချပြနေတဲ့
"စူးစမ်းလေ့လာ ဥဥကုကုတို့ကမ္ဘာ" ကို Update ထားတဲ့အကြောင်းလေး အရင်ဆုံးပြောပြချင်ပါတယ်။
အရင်က ဥဥ နဲ့ ကုကု ဇီးကွက် ၂ ကောင်နဲ့ပဲ ရင်းနှီးခဲ့တယ်မလား။ ဒီနေ့ရဲ့အပိုင်းလေးမှာတော့ Character အသစ်တစ်ခု ထပ်တိုးထားပါတယ်။ ဥဥ နဲ့ ကုကု တို့ရဲ့ သူငယ်ချင်းအသစ်က ဘယ်သူဖြစ်မလဲဆိုတာ ဒီနေ့အပိုင်းလေးမှာ နားထောင်ကြည့်လိုက်ရအောင်။ 😍
ဒီနေ့အပိုင်းလေးမှာ ပြောသွားမယ့် ခေါင်းစဥ်လေးအကြောင်း ပြန်သွားလိုက်ရအောင်။ 🏃
"ငယ်စဥ်ကတည်းကမွေးမြူသင့်တဲ့ အလေ့အကျင့်ကောင်းများ"
အချိန်ဆွဲတာ၊ ပျင်းတာ ဒီလို Bad Habits တွေကဖြစ်ရလွယ်ပေမယ့် Good Habits ကို မွေးမြူဖို့ဆိုတာ တအားခက်ပါတယ်နော်။
ဒါကြောင့် ငယ်စဥ်ကတည်းက ကောင်းတဲ့အလေ့အကျင့်တွေကို သေချာပြုစုပျိုးထောင်သာမှသာ လူတော်၊ လူကောင်းလေးတွေဖြစ်လာကြမှာဖြစ်ပါတယ်။
ဒီနေ့ရဲ့ အပိုင်းလေးက ကိုယ့်ရဲ့ရင်သွေးလေးကို အလေ့အကျင့်ကောင်းတွေပေးချင်တဲ့ ဖေဖေမေမေတို့အပြင် သားသားမီးမီးတို့လည်း နားထောင်သင့်ပါတယ်နော်။
ဒီ အပိုင်းလေးမှာ ဥဥ ကုကု ဇီးကွက် နှစ်ကောင်နဲ့ သူငယ်ချင်း တစ်ယောက်က
🦉ငယ်စဥ်ကတည်းက မွေးမြူသင့်တဲ့အလေ့အကျင့်ကောင်းတွေကဘာလဲ
🦉အလေ့အကျင့်ကောင်းတွေကို ဘယ်လိုမွေးမြူသင့်လဲ
🦉ဒီအလေ့အကျင့်ကောင်းတွေရှိမယ်ဆိုရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲ
စတဲ့အချက်တွေကို ပြောပြထားပါတယ်။
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Jan 30, 2022
4 min

အခုတလော Passion Passion ဆိုပြီး ပြောနေကြတာ ကြားဖူးကြလား သားသားမီးမီးတို့ရေ 👀
Passion ဆိုတာ ကိုယ်တစ်ခုခုကိုပြုလုပ်လိုတဲ့စိတ်အားထက်သန်မှုရှိတာကို ပြောချင်တာဖြစ်တယ်။ တစ်နည်းအားဖြင့် ၀ါဿနာနဲ့တူတယ်လို့လည်းပြောလို့ရတယ်။
တစ်ချို့သားသားမီးမီးတွေကလည်း ကိုယ့်ရဲ့ Passion ကိုတွေ့ရှိသွားကြပြီ။ တစ်ချို့ကလည်း Passion ကို ရှာမတွေ့သေးတဲ့ သားသားမီးမီးတို့ရှိတယ်။
ဟိုဟာနည်းနည်း ဒီဟာနည်းနည်း အကုန်လုပ်ကြည့်ချင်တဲ့သားသားမီးမီတို့ရော ရှိလား 🙄
ဒီနေ့ရဲ့ အပိုင်းလေးက Passion ကို ရှာမတွေ့သေးတဲ့သားသားမီးမီးတို့ ကျိန်းသေနားထောင်သင့်ပါတယ်နော်။
ဒီ အပိုင်းလေးမှာ ဥဥ နဲ့ ကုကု ဇီးကွက် နှစ်ကောင်က
🦉ကိုယ့်ရဲ့ Passion ကိုဘယ်လိုရှာဖွေကြမလဲ
🦉ဥဥ နဲ့ကုကု တို့ရဲ့ Passion ကရော ဘာလဲ
စတဲ့အချက်တွေကို ပြောပြထားပါတယ်။
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Jan 16, 2022
4 min

အနာဂတ်မှာခေတ်စားလာနိုင်မယ့် Cryptocurrency အကြောင်း
စူးစမ်းလေ့လာ ဥဥကုကုတို့ကမ္ဘာ အပိုင်း (၁၀)
ဥဥ နဲ့ ကုကုကို မတွေ့ရတာကြာပြီဆိုတော့ သတိရနေကြပြီလား 🥺
၂၀၂၂ နှစ်သစ်မှာ ဥဥ နဲ့ ကုကုတို့ Podcast ကို ပုံစံအသစ်နဲ့ ဆန်းသစ်ပုံဖော်ထားပြီး New Year လက်ဆောင်အနေနဲ့ တင်ပေးလိုက်ပါတယ်။ ဒါကြောင့် နားဆင်ပေးကြပါဦးနော်။ 🤗
Cryptocurrency အကြောင်းကို သားသားမီးမီးတို့ကြားဖူးကြလား ?
Cryptocurrency ထဲမှာမှ လတ်တလော Bitcoin ဆိုပြီး တော်တော်လေး နာမည်ကြီးနေတယ်နော် 👀
Cryptocurrency ဆိုတာ နောက်ဆုံးပေါ်နည်းပညာကိုအသုံးပြုပြီး ပြုလုပ်ထားတဲ့ ငွေကြေးစနစ်တစ်မျိုးဖြစ်တာကြောင့် နည်းပညာပိုင်းစိတ်၀င်စားတဲ့ သူတွေလည်း သိထားသင့်တယ်နော်။
ဒါကြောင့် ဒီနေ့မှာ "စူးစမ်းလေ့လာဥဥ ကုကုတို့ ကမ္ဘာ" ကနေ " အကြောင်းပြောပြသွားမှာဖြစ်ပါတယ်။
ဒီ အပိုင်းလေးမှာ ဥဥ နဲ့ ကုကု ဇီးကွက် နှစ်ကောင်က
🦉Cryptocurrency ဆိုတာဘာလဲ
🦉Cryptocurrency ကိုဘယ်လိုနေရာတွေမှာအသုံးပြုကြလဲ
🦉Cryptocurrency ကို
ဘယ်လို၀ယ်ယူနိုင်သလဲ
စတဲ့အချက်တွေကို ပြောပြထားပါတယ်။
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Jan 2, 2022
5 min

အခုလို Stay Home ကာလမှာ ဘာသာစကားအသစ်တွေ လေ့လာနေတဲ့ / လေ့လာချင်တဲ့ သားသားမီးမီးတို့ ရှိလား 🙋
အခုခေတ် လူငယ်တွေ၊ သားသားမီးမီးတို့ဟာ ဘာသာစကားတစ်မျိုးထက် ပိုမိုပြောတတ်လာကြတယ်။
ဒါကြောင့် တခြားနိုင်ငံတွေ ၊လူမျိုးတွေနဲ့ ဘာသာစကားဖလှယ်ပြီး သူငယ်ချင်းအသစ်တွေလည်း တိုးပွာလာကြတယ်။
သားသားမီးမီးတို့ရော အကျိုးကျေးဇူးတွေ အများကြီးရရှိမယ့် ဘာသာစကားအသစ်တွေကိုလေ့လာချင်ကြလား 👀
စူးစမ်းလေ့လာ ဥဥကုကုတို့ကမ္ဘာ ရဲ့ အပိုင်း (၉) လေးမှာဆိုရင်တော့ သားသားမီးမီးတို့အတွက် " " နဲ့ ပတ်သက်ပြီး ဥဥ နဲ့ ကုကု ဇီးကွက်နှစ်ကောင်က ပြောပေးသွားမှာဖြစ်ပါတယ်။
ဒီနေ့ Podcast Episode လေးမှာဆိုရင်တော့
- ဥဥ နဲ့ ကုကု သူငယ်ချင်းဇီးကွက် ၂ ကောင်ကရော အခုတလော ဘာတွေလုပ်နေလဲ
- ဘယ်လို ဘာသာစကား အသစ်တွေကို သင်ယူလေ့လာနေတာလဲ
- ဘာသာစကားတွေ သင်ယူရခြင်းရဲ့ အကျိုးကျေးဇူးတွေကရော ဘာတွေလဲ
- ဒါ့အပြင် သိပ္ပံ Hub က "အခမဲ့" ပြုလုပ်သွားမယ့် "စိတ်၀င်စားစရာ Language ကမ္ဘာ" ဆိုတဲ့ ပွဲ ကနေ ဘာတွေကို လေ့လာနိုင်မလဲ
ဆိုတာ ဥဥ နဲ့ ကုကု ဇီးကွက်နှစ်ကောင်က အကြံပေး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် "စိတ်၀င်စားစရာ Language ကမ္ဘာ" ပွဲကို တက်ရောက်ဖို့ စိတ်၀င်စားတဲ့ ဖေဖေမေမေသားသားမီးမီးတို့ရော ၊ ဘာသာစကားတွေ အများကြီးလေ့လာချင်ကြတဲ့ သားသားမီးမီးတို့ရော၊ ကိုယ့်ရင်သွေးလေးတွေကိုတိုးတက်စေချင်ကြတဲ့ဖေဖေမေမေတို့ရော ဒီနေ့အပိုင်းလေးကိုမဖြစ်မနေ နားထောင်သင့်ပါတယ်နော်။ 🤫
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Nov 14, 2021
11 min

သားသားမီးမီးတို့ "Virtual Learning" ဆိုတဲ့ အသုံးအနှုန်းလေးကြားဖူးကြလား 👀
Online Class တွေ တက်ရောက်နေတဲ့ သားသားမီးမီးတို့အနေနဲ့ ဒီ အသုံးအနှုန်းကို မစိမ်းလောက်ဘူးထင်တယ်နော် 🤥
စူးစမ်းလေ့လာ ဥဥကုကုတို့ကမ္ဘာ ရဲ့ အပိုင်း (၈) လေးမှာဆိုရင်တော့ လတ်တလော လူတိုင်းနဲ့ မစိမ်းလောက်တဲ့ "Virtual Learning" အကြောင်းလေးပြောပြပေးသွားမှာဖြစ်ပါတယ်။
ဒီနေ့ Podcast Episode လေးမှာဆိုရင်တော့
- Virtual Learning ဆိုတာဘာလဲ
- ဥဥ နဲ့ ကုကု သူငယ်ချင်းဇီးကွက် ၂ ကောင်ကရော အခုတလော ဘယ်လိုမျိုး Virtual Learning လုပ်ဖြစ်နေတာလဲ
- Virtual Learning လုပ်ဖို့ကောင်းတဲ့ Application တွေ၊ နေရာတွေကရော ဘာတွေလဲ
- Thate Pan Hub, Zee Kwat Academy, Thate Pan Institute ကနေ ဘယ်လိုမျိုး Virtual Learning ပြုလုပ်နိုင်သလဲ
ဆိုတာ ဥဥ နဲ့ ကုကု ဇီးကွက်နှစ်ကောင်က အကြံပေး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
ဒါကြောင့် "Virtual Learning" အကြောင်း မသိသေးတဲ့ သားသားမီးမီးတို့ရော ၊ သိပြီးသား သားသားမီးမီးတို့ရော ဒီနေ့ Podcast အပိုင်းလေးကို နားထောင်သင့်ပါတယ်နော်။ 🤫
သားသားမီးမီးတို့ရဲ့ ပညာရေးအတွက် အရမ်းအသုံး၀င်တဲ့ အချက်အလက် လေးတွေ ပြောပြပေးသွားမှာဖြစ်လို့ နားထောင်ကြည့်ပါဦးနော်။ 🤗
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Oct 31, 2021
4 min

သားသားမီးမီးတို့ Iron man, Spider man ကားတွေကြည့်ပြီး အဲ့လ်ိုစွမ်းအားတွေလ်ိုချင်လာတဲ့သူရှိလား 👀
အချိန်ကိုနောက်ပြန်ရစ်နိုင်မယ့်စွမ်းအားလား ? ကိုယ်ယောင်ဖျောက်နိုင်မယ့်စွမ်းအားလား ?
အနာဂတ်ကိုကြိုမြင်နိုင်တဲ့စွမ်းအားလား ?
သားသားမီးမီးတို့ရော ဘယ်လိုစွမ်းအားတွေလ်ိုချင်လဲ 🤔
ဒီနေ့ Podcast Episode 7 လေးမှာဆိုရင် ZKA က သားသားမီးမီးတို့က သူတို့ဘယ်လိုစွမ်းအားမျိုးလိုချင်လဲဆိုတာ ပြောပြထားကို ဥဥ နဲ့ ကုကု ဇီးကွက် နှစ်ကောင်က နားထောင်ပြီး အကြုံပြုပေးထားဖြစ်ပါတယ်။
ဒီနေ့ Podcast Episode လေးမှာဆိုရင်တော့
- Zee Kwat Academy က ကလေးတွေရဲ့ မတူညီတဲ့အတွေးတွေ
- ထူးခြားပြီးဆန်းကြယ်တဲ့ သူတို့လိုချင်တဲ့စွမ်းအားအကြောင်းတွေ
- တက်တက်ကြွကြွနဲ့ပါ၀င်ပြောပြထားတာတွေကို ပေါ့ပေါ့ပါးပါးနားထောင်ရမှာဖြစ်ပါတယ်။
သားသားမီးမီးတို့ရဲ့ အတွေးတွေက အရမ်းဖြူစင်ပြီး ရိုးရှင်းတဲ့အတွက်ကြောင့် ဒီ podcast လေးကို နားထောင်မိရင် fun လည်းဖြစ်စေမှာဖြစ်ပါတယ်။ 🤫
ဒါကြောင့် တကယ်လို့ သူငယ်ချင်းမိတ်ဆွေတို့က တစ်နေ့တာရဲ့စိတ်ပင်ပန်းမှုတွေကိုဖြေလျော့ချင်တယ်ဆိုရင် အနားယူစရာလေးအဖြစ် ဒီ episode လေးကို နားထောင်ကြည့်ပါလို့ ဖိတ်ခေါ်လိုက်ရပါတယ်။
#စူးစမ်းလေ့လာ_ဥဥကုကုတို့ကမ္ဘာ
#TPH_Podcast
#ThatePanHub
Oct 10, 2021
9 min
Load more
