The Healing Path_Myanmar
The Healing Path_Myanmar
The Healing Path_Myanmar
18. နွေးထွေးမှုအတွက်၊ သစ်နက်ဟန်
1 minutes Posted May 25, 2022 at 3:21 pm.
0:00
1:53
Download MP3
Show notes
ဆရာအေကေမိုးဘာသာပြန်ဆိုထားသည့် ဆရာတော်သစ်နက်ဟန်၏ Be free where you are (ရောက်တဲ့နေရာမှာ လွတ်လပ်ပါစေ) စာအုပ်မှ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။ ===========================+++++++++++++++++
မိတ်ဆွေများခင်ဗျာ။ ဒီကဗျာလေးကို ကျွန်ုပ်ဟာ ဗီယက်နမ်စစ်ပွဲကာလတုန်းက ရေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အမေရိကန်လေတပ်ဟာ ဘမ်တမ်း(Ben Tre) မြို့ကို ဗုံးကျဲနေစဉ် ဖြစ်ပါတယ်။ ဒီမြို့လေးဟာ ကျနော်နဲ့အတူပါလာတဲ့ ဒီကညီမ ချမ်ကောင်း ရဲ့ မွေးရပ်ဇာတိ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေဟာ တမြို့လုံးကို ဗုံးကျဲ ဖျက်ဆီးလိုက်တယ်။ သူတို့ရဲ့ အကြောင်းပြချက်ကတော့ ဒီမြို့လေးမှာ ဗီယက်နမ်ပြောက်ကျား လေး၊ငါးယောက် ရှိလို့တဲ့။ နောက်တော့ သူတို့အရာရှိတယောက်က ဒီလို ကြေငြာတယ်ဗျာ။ ဘမ်တမ်းမြို့လေးကို ကွန်မြူနစ်လက်အောက်က လွှတ်မြောက်အောင် သူတို့ ဗုံးကျဲ ဖျက်ဆီးလိုက်ရပါတယ်တဲ့။ ဒီကဗျာလေးဟာ ဒေါသအကြောင်းဖြစ်ပါတယ်။
.
ငါ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားတယ်။
ဟင့်အင်း၊ ငါ မငိုနေပါဘူး။
ငါ့မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားတယ်
အထီးကျန်တဲ့ နွေးထွေးမှုတွေကို ထိန်းထားဖို့
ဒီလက်တွေနဲ့ ကာကွယ်ထားတယ်
ဒီလက်တွေနဲ့ ပျိုးထောင်ပေးမယ်
ဒေါသကြောင့်
ငါ့အသက်ဝိဉာဉ် ကိုယ်ထဲက ထွက်မသွားအောင်
ဒီလက်တွေနဲ့ ဆွဲထားမယ်။
.
.
အဲဒီအချိန်မှာ ကျနော်ဟာ အလွန်ဒေါသ ဖြစ်နေခဲ့တယ်။ ဒီဒေါသဟာ ကျနော့်ဒေါသတော့ သီးသန့် မဟုတ်ဘူး။ တနိုင်ငံလုံးက ဖြစ်နေတဲ့ဒေါသ။ ဒေါသ ဟာ စွမ်းအင်တမျိုးပါ။ ကိုယ်နဲ့တကွ ကိုယ့်အနီးအနားလူတွေကိုပါ ဒုက္ခပေးနိုင်တဲ့ စွမ်းအင်။ ဘုန်းကြီးတပါးအနေနဲ့တော့ ကျနော်ဟာ ဒေါသထွက်ရင် ဒေါသကို ဂရုစိုက်တတ်အောင် လေ့ကျင့်ပါတယ်။ ဒေါသက ကိုယ့်ကို နှိပ်စက်ခွင့်၊ ဖျက်ဆီးခွင့် ကို ကျနော် မပေးဘူး။ မိမိရဲ့ဒေါသကို ဂရုစိုက်နိုင်ရင်၊ ဒေါသကို အစားထိုးနိုင်ရင်၊ သင်ဟာလည်း ပိုပြီး အေးအေးချမ်းချမ်း နေလာနိုင်မယ် လို့ ကျနော် ယုံကြည်တယ်။
___________________
AKMoe 2022/01/24
#BeFreeWhereYouAre #ThichNhatHanh
---
Send in a voice message: https://podcasters.spotify.com/pod/show/the-healing-path-myanmar/message