The Healing Path_Myanmar
The Healing Path_Myanmar
The Healing Path_Myanmar
14. ထာဝရပျော်ရွှင်နိုင်ဖို့ သင်ယူခြင်း | The Book of Joy 4
24 minutes Posted Dec 26, 2021 at 5:13 pm.
0:00
24:07
Download MP3
Show notes
အရှင်မြတ်ဒလိုင်းလားမာနဲ့ ဆရာတော်တူးတူး ဒရ်ဆာလာမှာ ပြောကြဆိုကြ ဆွေးနွေးကြတဲ့ စကားဝိုင်းလေးကို The Book of Joy ဆိုပြီး စာအုပ်လေး ထုတ်ထားတယ် ဒါကို ဆရာပီတိက ပြန်ဖတ်ပြီး ပြန်ရေးထားတာလေး
ဆရာတော်တူးတူး မရှိတော့ပေမယ့် သူပြောခဲ့တာတွေ သူအားထုတ်မှုတွေ ကျန်နေဆဲ
ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ဘယ်ကနေ လာသလဲဆိုတာ သိကြပါသလား။ ဟုတ်ပါတယ် ပျော်ရွှင်ချမ်းမြေ့ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲရှိ နှလုံးအိမ်အတွင်းကနေ လာပါတယ်။ ကျွန်တော်တို့ ကြည်လင်ပြီးတစ်ပါးသူအပေါ် မေတ္တာစိတ်ထားလိုက်တာဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်က ဆိုးယုတ်မှုတွေကို လျော့ပါးသွားအောင် တစ်နည်း မှေးမှိန်သွားအောင် လုပ်ဆောင်လိုက်တာပါပဲ။ တရားမျှတခြင်း၊ တည်ကြည်ငြိမ်သက်ခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းနဲ့ကိုယ်ချင်းစာတရားတို့ကိုသာ ကိုယ့်ရဲ့ရင်ထဲ ကိန်းဝပ်စေလိုက်ပါ။
ကျွန်တော်တို့ဟာ မျှော်လင့်ချက်ပေါင်းများစွာနဲ့ ဒီစာအုပ်ကို အသံဖိုင်အဖြစ်သွင်းခဲ့ကြပါတယ်။ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမားနဲ့ ခရစ်ယာန် အင်္ဂလိကန် ဂိုဏ်းချုပ်ဆရာတော်ကြီး တူတူးတို့ စကားအပြန်အလှန်ပြောကြားရာကနေ ကျွန်တော်တို့ သိသင့်သိထိုက်တဲ့၊ ကျင့်သုံးရမယ့်၊ တစ်သက်တာလုံး စိတ်နှလုံးထဲ စွဲထင်စေမယ့် စကားရပ်တွေကို အားလုံးရဲ့ ရင်ထဲ ဝင်ရောက်စေဖို့ ရည်ရွယ်ပါတယ်။
ကျွန်တော်တို့ မေတ္တာတရားတွေနဲ့ ကမ္ဘာပေါ်က ဆိုးယုတ်မှုတွေကို ဖယ်ရှားပစ်ကြပါစို့။