Show notes
တစ်ပတ်အတွင်း မကွေးတိုင်းသတင်း
။။။။။။။။။။။။။
မေ ၂၂၊ The Nation Voice
The Nation Voice ပရိသတ်တွေအတွက် တစ်ပတ်အတွင်း မကွေးတိုင်းအတွင်းက ထူးခြားသတင်းတွေကို တင်ဆက်ပေးတော့မှာ ဖြစ်ပါတယ်၊ ဒီအစီအစဉ်ဟာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်ရှင်။
ဒီတစ်ပတ်အတွက် ရွေးချယ်ထားတဲ့ သတင်းတွေထဲမှာကတော့
⭕️ ပွင့်ဖြူနယ်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဘာကြောင့် ပစ်သတ်ခံခဲ့ရတာလဲ
⭕️ ပခုက္ကူမြို့က စီးပွါးရေးဘဏ်ကိုစောင့်ပေးနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်တိုက်ခိုက်ခံရတာ ဘယ်နှယောက် သေသွားသလဲ
⭕️ ရေမျက်နီရဲစခန်းကို သိမ်းပိုက်မယ့်အစီအစဉ် ဘာကြောင့် လက်လွှတ်ခဲ့ရသလဲ
⭕️ ထီးလင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဘယ်နှယောက် သေဆုံးသွားခဲ့သလဲ
⭕️ မကွေးတိုင်းထဲက CDM ရဲတစ်ယောက် ဘာကြောင့် ကျပ်သိန်းတစ်ရာကျော် ချီးမြှင့်ခံခဲ့ရသလဲ ဆိုတဲ့သတင်းတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။



