သေရမှာ မကြောက်တဲ့ ဇာတ်လမ်းတစ်ပုဒ်
။။။။။။။။။။
မေ ၁၀၊ The Nation Voice
မြန်မာနိုင်ငံမှာ စစ်အာဏာရှင်ကို ဖြုတ်ချဖို့ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတဲ့ PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေဟာ တစ်စ တစ်စ များပြားလာနေခဲ့ပါတယ်။
လက်နက်ကိုင်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိကြပြီး ရဲဘော်တစ်ဦး တစ်ယောက်ခြင်းဆီမှာလည်း ဇာတ်လမ်းတွေ ရှိနေပါတယ်။
စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေရဲ့ မီးရှို့မှုကို ခံနေရတဲ့ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ကရင်နယ်တွေက ပြည်သူတွေလို နာကျင်ဖွယ်နောက်ကြောင်းတွေ၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေ သေဆုံး၊အဖမ်းခံရတာတွေ၊ စစ်ကောင်စီရဲ့ လူသတ်ပွဲတွေကြောင့် စသဖြင့် မျိုးစုံသော အကြောင်းတွေနဲ့ လက်နက်ကိုင် တော်လှန်ရေးကို ရွေးချယ်ခဲ့ကြသူတွေချည်းပါ။
သေချာတာ တစ်ခုကတော့ ဘယ်သူ့ရဲ့ ဇာတ်လမ်းကမှ ပျော်စရာမကောင်းတာပါပဲ။ နာကျင်စရာတွေချည်းရှိနေတာပါပဲ။ ကျွန်မတို့ရဲ့ တော်လှန်ရေးရဲဘော်မလေး ဝေလေးကတော့ “ သေရမှာ မကြောက်ဘူး။ မနိုင်မှာပဲ ကြောက်တာ ” လို့ သူခံယူချက်ကို ပြောပြလိုက်ပါတယ်။
မကြိမ်လုံး



