SUM Weekly Podcasts
SUM Weekly Podcasts
SUM Podcasts
တိုင်းရင်းသားဘာသာစကား ကို လေ့လာခြင်းဖြင့် မတူကွဲပြားသော ယဉ်ကျေးမှုဓလေ့ကို နားလည်လက်ခံခြင်း
6 minutes Posted Sep 21, 2021 at 1:16 pm.
0:00
6:52
Download MP3
Show notes

နှစ်ပေါင်းများစွာ လျစ်လျူရှုခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ မတူညီကွဲပြားမှုတွေကို ဘယ်လို စတင်လက်ခံကြမလဲ?

စစ်ကောင်စီရဲ့ အာဏာသိမ်းမှု အခြေအနေကြောင့် နှစ်ပေါင်းများစွာ တိုင်းရင်းသားတွေအပေါ် နားမလည်ခဲ့တဲ့ မတူညီမှုတွေကို ဖြည်းဖြည်းချင်း သဘောပေါက် လာကြပါပြီ။

ကြားဖူးနေကြဖြစ်တဲ့ “Unity in Diversity” ဆိုတဲ့ ဆောင်ပုဒ်ကို အနာဂတ်ရဲ့ အမိမြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖို့ ကိုယ်တိုင်ပါဝင် ဖန်တီးဖို့ လိုအပ်ပါတယ်။

🎙 ယခု Spring University Myanmar ရဲ့ Podcast Ep (9) မှာတော့ “တိုင်းရင်းသား ဘာသာစကားတစ်ခုခုကို လေ့လာခြင်းအားဖြင့် တိုင်းရင်းသား လူမျိုးတွေကြားမှာ ရှိတဲ့ မတူညီ ကွဲပြားတဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေကို နားလည်ခြင်း” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Podcast လေးကို နားထောင်လိုက်တဲ့အခါ

✅ တိုင်းရင်းသားတွေရဲ့ မတူညီကွဲပြားမှုဆိုတဲ့ စကားလုံးကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုမလဲ?

✅ ဒီမတူညီကွဲပြားမှုတွေကို ဘာကြောင့်လက်ခံသင့်တာလဲ?

✅ တိုင်းရင်းသားတွေရဲ့ ဘာသာစကားကို လေ့လာတဲ့အခါ ဘယ်လိုအကျိုးရှိမလဲ?

စတဲ့အချက်တွေကို သိရှိသွားမှာ ဖြစ်တဲ့အတွက် ရှေ့ဆက်လာမယ့် အနာဂတ်မှာလည်း တိုင်းရင်းသား ညီအစ်ကိုတွေကို နည်းအမျိုးမျိုးနဲ့ ကူညီနိုင်မှာပဲ ဖြစ်ပါတယ်။

တော်လှန်ရေးအတွက်လဲ မြန်မာနိုင်ငံရှိ တိုင်းရင်းသား အားလုံးရဲ့ မတူညီတဲ့ ယဉ်ကျေးမှုတွေကို လက်ခံနိုင်ဖို့ အရေးကြီးတာဖြစ်လို့ ယခု Podcast လေးဟာ အားလုံးအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။

Spring University Myanmar

[email protected]
Facebook - www.facebook.com/springuniversitymm
Youtube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos

#SpringUniversityMM

#SUMPodcasts

#SUM