သင်ဟာ ၂၁ ရာစုရဲ့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး Data အကြောင်း မသိရှိသေးဘူးလား?
ဒေတာလို့ပြောလိုက်ရင် ကျွန်တော်တို့ပြေးမြင်ကြတာက ဇယားကွက်တွေ၊ ကိန်းဂဏန်းနှင့် အချက်အလက်တွေပဲ ဖြစ်ကြမှာပါ။ ဒါပေမယ့် အမှန်တစ်ကယ်တော့ ဒေတာက ကျွန်တော်တို့ ထင်ထားတာထက် နေ့စဉ်ဘဝမှာ အများကြီး ပိုပြီးရိုးရှင်းနေတတ်ပါတယ်။
Question 1- ဒါဆိုရင် နေ့စဉ်ဘဝမှာ ဒေတာက ဘယ်လိုပုံစံနဲ့ ပါဝင်ပတ်သတ်နေတာလဲ?
Question 2- ဒါဆိုရင် ဒေတာက စီးပွါးရေး၊ နိုင်ငံရေးစတဲ့ နယ်ပယ်အမျိုးမျိုးမှာ ဘယ်လိုအသုံးပြုကြတာလဲ?
Question 3- ဒေတာကြောင့်ဖြစ်ပေါ်လာတဲ့ မတရားမှုကို ဒေတာကို အသုံးပြုပြီး ဘယ်လိုတော်လှန်ကြမလဲ?
ဒီမေးခွန်းတွေအားလုံးရဲ့ အဖြေကတော့ ဒီ Podcast ထဲမှာရှိပါတယ်။
နွေဦးတက္ကသိုလ်ရဲ့ အပတ်စဉ်ထုတ်လွှင့်နေကြ Podcast အစီအစဉ်ကို ဒီတစ်ခါမှာတော့ “ဒေတာနှင့်လူမှုဘဝ” ဆိုတဲ့ ခေါင်းစဉ်နှင့် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။
ခေတ်လူငယ်တိုင်းသိသင့်တဲ့ ခေါင်းစဉ်ဖြစ်တဲ့အပြင် တော်လှန်ရေးမှာပါ အသုံးချနိုင်တဲ့အတွက် ကျွန်တော်တို့ အားလုံးအတူတူ နားထောင်ကြလိုက်ရအောင်။
အခု Podcast လေးကို SUM ရဲ့ တခြားသော Platform တွေမှာလည်းနားထောင်နိုင်ပါတယ်။
Spring University Myanmar
Facebook - www.facebook.com/springuniversitymm
Youtube -www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos



