SUM Weekly Podcasts
SUM Weekly Podcasts
SUM Podcasts
လူငယ် နှင့် Depression
9 minutes Posted Jul 27, 2021 at 2:08 pm.
0:00
9:29
Download MP3
Show notes

လူငယ်တွေဟာ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဘာလို့ထုတ်ဖော်ပြောဆိုခွင့် မရှိရမှာလဲ?

စစ်ကောင်စီမှစတင် အာဏာသိမ်းတဲ့အချိန်မှစပြီး လူငယ်အများစုဟာ စိတ်ဓာတ်ကျခြင်းနှင့်အတူ မိမိတို့ မျှော်မှန်းထားတဲ့အနာဂါတ်များပျောက်ဆုံးသွားခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို တွေ့ကြုံလာရပါတယ်။

COVID-19 တတိယလှိုင်းရောက်ရှိလာတဲ့ အခါမှာတော့ စိတ်တင်းထားသမျှ အရည်ပျော်ကျသွားကြပါတော့တယ်။ မိမိတို့ မိသားစုရဲ့ကျန်းမာရေးကို တာဝန်ယူထားကြတဲ့ လူငယ်တွေရှိသလို စားဝတ်နေရေး၊ ငွေရေးကြေးရေးကိုပါ အဘက်ဘက်မှ စိတ်ပူပင်လာကြပါတယ်။

ယခုလို အားလုံးအတွက် လိုက်လံပူပင်နေရတာကြောင့် လူငယ်အများစုဟာ မိမိကိုယ်ကို ဂရုစိုက်ဖို့၊ ကိုယ့်ခံစားချက် တွေကို အချိန်ပေးရမှာကို လျစ်လျူရှုလိုက် ကြပါတော့တယ်။

“ငယ်ရွယ်နုပျိုမှုတွေကို အကျပ်အတည်းထဲမှာပဲ ကုန်ဆုံးသွားတော့မှာလား” ဆိုတဲ့ အတွေးဟာ ခေါင်းထဲမှာ အပြည့်အဝ နေရာယူထားလျက် ရှိနေပါပြီ။

သို့သော် ဒါတွေဟာ သင်တစ်ယောက်တည်းဖြစ်နေတာ မဟုတ်ပါ။ ယခုလို ခက်ခဲနေချိန်မှာ အားလုံးနီးပါး ဖြစ်နေကြတာဖြစ်လို့ သင့်ခံစားချက်တွေကို လျစ်လျူရှုစရာ မလိုအပ်ပါဘူး။

ဒါဆိုရင် လူငယ်တွေ  စိတ်ကျန်းမာရေး ပြန်ကောင်းဖို့

🎙ဘာတွေပြုလုပ်ရမလဲ?

🎙ဘယ်လိုပြင်ဆင်ထားသင့်သလဲ?

🎙ကိုယ့်ကိုယ်ကိုယ် ဘယ်လိုအချိန်ပေးရမလဲ?

ဆိုတာကို ယခု နွေဦးတက္ကသိုလ်ရဲ့ နဲ့ Call Me Today တို့ ပူးပေါင်း စီစဉ်တဲ့ "လူငယ် နှင့် Depression" Podcast လေးမှာ အသေးစိတ် ပြောပြသွားပေးမှာ ဖြစ်ပါတယ်။

ကိုယ်တိုင် Podcast လေးကို နားထောင်နေရင်း စိတ်ဓာတ်ကျတတ်တဲ့ သူငယ်ချင်းတွေကို သတိရမိလျှင်လည်း ပေးပို့ကာ နားထောင်စေချင်ပါတယ်။

ယခု Podcast လေးကို နားထောင်လိုက်တဲ့ အချိန်မှာ အားလုံးပဲ ကိုယ့်ရဲ့စိတ်ခံစားချက်ကို အချိန်ပေးဖို့ ပြန်လည် သတိရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Spring University Myanmar

[email protected]
Facebook - www.facebook.com/springuniversitymm
YouTube - www.youtube.com/channel/UCIai2i6oRZlXzLY027K28yQ/videos