Shan Herald Agency for News (Burmese Edition) Podcast

Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)
The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.
သျှမ်းမြောက်တိုက်ပွဲကြားက စစ်ဘေးရှောင်တွေရဲ့ အခြေနေ
သျှမ်းမြောက်တိုက်ပွဲကြားက စစ်ဘေးရှောင်တွေရဲ့ အခြေနေ 
Oct 31, 2023
7 min
ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာဒေသခံတွေ အရေပြားယားယံတဲ့ရောဂါခံစားနေရ
ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာဒေသခံတွေ အရေပြားယားယံတဲ့ရောဂါခံစားနေရ
Oct 18, 2023
6 min
အမေရိကန် အေးရှားဖေါင်ဒေးရှင်း ရဲ့ ငြိမ်းချမ်းရေးစေတမာန်ဖြစ်လာတဲ့ သျှမ်းအမျိုးသမီးငယ်
ငြိမ်းချမ်းရေး တည်ဆောက်မှုဆိုင်ရာ William P. Fuller Fellows အတွက် အမေရိကန် အခြေစိုက် The Asia Foundation က နေ ရွေးချယ်မှုမှာ မြန်မာနိုင်ငံက ပထမဆုံး နဲ့ တစ်ဦး တည်းသော အမျိုးသမီးအဖြစ် သျှမ်းတိုင်းရင်းသူ နန်းစံနွယ် က ရွေးချယ်ခံထားရပါတယ်။ Fellowship အတွက် ဘယ်လိုကြောင့် ရွေးချယ်ခံရလဲ၊ သျှမ်းပြည်ရဲ့ နှစ်ပေါင်း (၇၀) ကျော် တော်လှန်ရေး နဲ့ မြန်မာပြည် ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်နဲ့ အလားအလာတွေအပေါ် တိုင်းရင်းသား လူငယ် တဦးရဲ့ အမြင်တွေကို ဘယ်လိုရှိလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး နန်းစံနွယ်ကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
Sep 21, 2023
10 min
မူးယစ်သမားကြောင့် အသက်ပေးခဲ့လိုက်ရတဲ့ သမီးလေး နန်းခင်လပြည့်
မူးယစ်သမားကြောင့် အသက်ပေးခဲ့လိုက်ရတဲ့ သမီးလေး နန်းခင်လပြည့်
Sep 4, 2023
4 min
သျှမ်းပြည် လောက်ကိုင်က Hair Stylist
သျှမ်းပြည် လောက်ကိုင်မြို့မှာ Hair Stylist တယောက်အနေနဲ့ ဘာကြောင့်စိတ်ဝင်စားရလဲ။ လူငယ်တယောက်အနေနဲ့ လောက်ကိုင်မြို့မှာ ဘယ်လိုရှာဖွေစားသောက်နေလဲ၊ ဘာတွေ ခက်ခဲနေလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းနောင့်နောင့်က Hair Stylist စိုင်းဖကို တွေ့ဆုံမေးမြန်းထားပါတယ်။
Aug 22, 2023
29 min
လက်ရှိ နှင့် SSPP တည်ထောင်မှု (၅၂) ပြည့် ခရီး
လက်ရှိ နှင့် SSPP တည်ထောင်မှု (၅၂) ပြည့် ခရီး အခုနှစ် သြဂုတ်လ ၁၆ ရက်ဟာဆိုရင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် SSPP/SSA တည်ထောင်မှု သက်သမ်း ၅၂ နှစ်မြောက် ရှိခဲ့ပြီ ဖြစ်ပါတယ်။ SSPP ဆိုတဲ့ ရှမ်းပြည်တိုးတက်ရေးပါတီကို ၁၉၇၁ ခုနှစ်၊ သြဂုတ် ၁၆ ရက်နေ့မှာ SSA အဖွဲ့အစည်းရဲ့ ပထမညီလာခံကျင်းပတဲ့ အချိန် စတင်တည်ထောင်လာခဲ့တာပါ။ SSPP/SSA၏ သမိုင်းကြောင်းက ရှည်လျားပြီး ကနဦးတည်ထောင်စဉ်ကတည်းက သျှမ်အမျိုးသား တော်လှန်ရေးအတွက် ဦးတည် ပေါက်ဖွားလာခဲ့တဲ့ ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ ဖြစ်ပါတယ်။ ဒီကနေ့ ကျရောက် (၅၂) နှစ်မြောက် SSPP တည်ထောင်မှုကို အကြောင်းပြုပြီး SSPP ရဲ့ တည်ထောင်မှု သမိုင်းကြောင်း ဘယ်လိုရှိလဲ၊ သက်တမ်းတစ်လျှောက် စစ်ရေး၊ နိုင်ငံရေး ရပ်တည်ချက်/လုပ်ဆောင်ချက်တွေ ဘယ်လို ရှိခဲ့လဲ ဆိုတာကို သျှမ်းသံတော်ဆင့် နန်းနောင့်နောင့်က တင်ဆက်ထားပါတယ်။ #SHANNews #SHANBurmese #သျှမ်းသံတော်ဆင့်
Aug 16, 2023
9 min
တောင်တန်းပြည်မ စည်းလုံးရေးအတွက် ကြိုးပမ်းခဲ့သူ
တစ်ခေတ်တစ်ခါက စော်ဘွားတွေ နေထိုင်တဲ့ မိုင်းပွန်မြို့ ဆိုတာဟာ သာယာဝပြောတဲ့ နယ်မြေ ဒေသတစ်ခု ဖြစ်ပါတယ်။ သို့ပေမဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း ကွယ်လွန်ပြီးနောက် စစ်အာဏာလက်ထက် ရောက်လာတဲ့ အချိန်မှာတော့ မိုင်းပွန်မြို့ဟာ မထင်မရှားမြို့အဖြစ်သာ ရှိနေပါတယ်။ ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံမှု ကင်းမဲ့ခဲ့တဲ့အတွက် မိုင်းပွန် ဟော်နန်းရဲ့ ပရိဝုဏ်ဆိုရင်လည်း ဝင်တဲ့ လမ်းလောက်ပဲ ကျန်နေပါတော့တယ်။ ဟော်နန်း အဆောက်အအုံနဲ့ အတွင်းခန်းက ပစ္စည်းတွေဆိုရင်လည်း မရှိသလောက် ကုန်ခန်းနေပြီး ကြမ်းခင်းက အစ ယိုယွင်း ပျက်စီးနေပါတယ်။ မည်သို့ပင် ဆိုစေကာမူ ဖြိုချဖျက်ဆီးခံလိုက်ရလို့ ပြိုလဲသွားတဲ့ အဆောက် အဦးတွေ ရဲ့မြည်ဟီးသံကတော့ သျှမ်းလူမျိုးတွေရဲ့ နှလုံး သားတွေထဲမှာ ကမ္ဘာတည်နေသေးသရွေ့ မြည်ဟီးနေမှာပါ။ #shannews #သျှမ်းသံတော်ဆင့် #SHANBurmese #ဟော်နန်း #စော်ဘွား
Jul 20, 2023
6 min
Single Mom တော်လှန်ရေးမိခင်တယောက် စိန်ခေါ်မှု
မိုင်ဆုန်ခ ၊ မင်္ဂလာပါ သျှမ်းသံတော်ဆင့် မြန်မာပိုင်း Podcasts အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် Podcasts အစီစဉ်မှာဆိုရင် တော်လှန်ရေးကာလအတွင်းမှာ အမျိုးသမီးလည်းဖြစ် ၊ Single Mother လည်းဖြစ်တဲ့ အင်းလေးသူ မယုလှိုင်သင်းနဲ့ တွေ့ဆုံးမေးမြန်ထားတဲ့ကို နားဆင်ရမှာပဲ ဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တော်လှန်ရေးကာလအတွင်းမှာ ကလေး ၂ ယောက် နဲ့ ဘယ်လိုတွေ သွားလာလှုပ်ရှားခဲ့လဲဆိုတာကို သျှမ်းသံတော်ဆင့် နန်းနောင့်နောင့်ကနေ မေးမြန်ထားကို နားဆင်ရမှာပဲဖြစ်ပါတယ်။ ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Jul 18, 2023
38 min
(BURMESE FM) သျှမ်းယဥ်ကျေးမှု ဓလေ့ထုံးတမ်း အငွေ့အသက်မဲ့တဲ့ ဟော်နန်းပုံစံတူ
သျှမ်းယဥ်ကျေးမှု ဓလေ့ထုံးတမ်း အငွေ့အသက်မဲ့တဲ့ ဟော်နန်းပုံစံတူ စစ်အာဏာသိမ်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ခေတ်ကာလမှာ ဖျက်ဆီးခံရတဲ့ ကျိုင်းတုံဟော်နန်းကို လက်ရှိ စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်က ငွေကြေးကုန်ကျ ပြန်ပြုပြင်နေပါတယ်။ ဒီပုံတူ ဟော်နန်းကို ပြန်လည်တည်ဆောက်တာဟာ သျှမ်းလူထုရဲ့ စိတ်ကို ပြန်လည်ကုစားပေးပြီး သျှမ်းလူထုရဲ့ ထောက်ခံမှုကို လိုချင်လို့လားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ တခေတ်တခါက ကိုယ့်လူမျိုးပေါ် မျိုးသုဥ်းသတ်ဖြတ် ဂျီနိုဆိုဒ်လုပ်ခဲ့ပြီး ကိုယ့်လူမျိုးရဲ့ ယဥ်ကျေးမှု ဓလေ့ထုံးထံကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်တွေရဲ့ လက်ရက်တွေဟာ ဒီဟော်နန်းပုံတူ တွေနဲ့ သျှမ်းလူထုတွေ ကျေနပ်နေကြပြီလားဆိုတာလည်း စဥ်းစားစရာဖြစ်လာပါတယ်။ #shannews #SHANBurmese #သျှမ်းသံတော်ဆင့် #စစ်အာဏာရှင်
Jul 16, 2023
6 min
(BURMESE FM) တာချီလိတ်မှာ ဘာမူးယစ်ဆေးတွေရလဲ
တာချီလိတ်မြို့ဟာ ထိုင်း-မြန်မာ နယ်စပ် မြို့တမြို့ဖြစ်ပြီး၊ မူးယစ်ဆေးဝါးတွေကြောင့် လူငယ်တွေ အမျိုးသမီး တွေ ဘဝပျက်သွားတဲ့သူတွေ၊ မူးယစ်ဆေးဝါးကြောင့် အသက်ဆုံးရှုံးရတဲ့ အမျိုးသမီးငယ်တွေ နေ့စဥ်နဲ့ အမျှ ရှိနေပါတယ်။ တာချီလိတ်မြို့မှာ မူးယစ်ဆေးကို ကွမ်းယာ၊ ကော်ဖီထုတ်လို့ ဝယ်ယူရလွယ်တဲ့ဒေသပါ။ ဒီတာချီလိတ်မြို့မှာ ဘယ်လို မူးယစ်ဆေးဝါးတွေရနေလဲဆိုတာကိုတော့ သျှမ်းသံတော်ဆင့် က သတင်းထောက် နန်းနောင့်နောင့် က တင်ဆက်ပေးသွားမှာပါ။ #SHAN , #SHANBurmese , #သျှမ်းသံတော်ဆင့် #မူးယစ်ဆေး #တာချီလိတ်
Jul 15, 2023
7 min
Load more