Rodiobook
Rodiobook
Rodney Sann Lwin
ဒီနိုဗို - မခံနိုင်အောင်ပေါ့ပါးဘ၀နေ့ညများ (ဝတ္ထုရှည်) Audiobook by Milan Kundera The Unbearable Lightness of Being, translated by D No Vo.
11 hour 16 minutes Posted Sep 11, 2022 at 12:17 pm.
0:00
11:16:09
Download MP3
Show notes

ဆရာဒီနိုဗို မြန်မာပြန်ထားတဲ့ ချက်စာရေးဆရာ မီလန်ကွန်ဒရာ ရဲ့ မခံနိုင်အောင်ပေါ့ပါး ဘ၀နေ့ညများ စာအုပ်ကို အသံထွက်ဖတ်ပြတာပါ။

မူရင်းစာရေးဆရာ မီလန်ကွန်ဒရာသည် အရေးပါဆုံး ခေတ်ပြိုင် ချက်စာရေးဆရာများထဲမှ တယောက်ဖြစ်သည်။ နိုင်ငံတကာ အသိအမှတ်ပြုမှုကို ရရှိခဲ့သည့် အနည်းငယ်မျှသော ချက်စရာရေးဆရာများထဲတွင် ပါဝင်သည်။ သူ၏ ဖန်တီးမှုတိုင်း၊ နိုင်ငံရေးနှင့် ယဉ်ကေျးမှုရေးရာ ပြောဆိုမှုတိုင်းက သူ့အချိန်ကာလတွင် အမြဲ ဆေွးနေွးစရာ ဖြစ်ခဲ့သည်။ ကွန်မြူနစ် အုပ်စိုးမှုကို နိုင်ငံရေးနောက်ခံ အရေးအသားများထက်၊ ပြင်းထန်သည့် ပုဂ္ဂလိကဝါဒ အခြေခံဖြင့် တုံ့ပြန်ခဲ့သည်။

ယခုစာအုပ် တွင် ကွန်ဒရာက အပေါ်ယံစိတ်ကူးယဉ်ဖြစ်မှု၊ ဆိုးရွားညံ့ဖျင်းမှု၊ ပင်ကိုမဖြစ်မှု၊ မစစ်မှန်သည့် အနုပညာ စသည်တို့ကို အာဏာရှင်အစိုးရနှင့် ထပ်တူပြုထားခဲ့သည်။

သူ့ကို လက်တင်အမေရိကားတွင် ဂါစီယာမားကွဇ်၊ ရုရှားတွင် ဆိုဇင်နစ်ဇင်၊ ချက်ကိုစလိုဗက်ကီးယား အတွက် မီလန်ကွန်ဒရာဟု ပြောလေ့ရှိကြသည်။ ၁၉၈၅တွင် Jerusalem Prize for Literature on the Freedom of Man in Society ဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။

"ကျနော်တို့အားလုံး ဘ၀မှာကြုံရတဲ့ အချစ်ကို

လေးချင်လည်း လေးမည်၊ ပေါ့ချင်လည်း ပေါ့မည်လို့ ပြောတာကို လက်မခံနိုင်ကြ။

အချစ်ဆိုတာ မလွဲမသေွ ဖြစ်ကိုဖြစ်ရမယ့် ကိစ္စ ။

အချစ်မရှိဘဲနဲ့ ကျနော်တို့ဘ၀တေွဟာ အရင်လို ပြန်မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့ ယူဆထားကြသည်။"

"အကယ်၍ ထာ၀ရသံသရာလည်ခြင်းသည် အလေးပင်ဆုံး ဝန်ထုပ်ဝန်ပိုးဟု ဆိုခဲ့လျှင် ကျနော်တို့မှာ ဘ၀ရဲ့ပေါ့ပါးမှုတေွနဲ့ တန်ပြန်ရင်ဆိုင်ကြရုံသာ ရှိတော့သည်။ ဤသို့ဆိုလျှင် လေးလံမှုမှာ မနှစ်မြို့ဖွယ်ရာကောင်းပြီး ပေါ့ပါးမှုကသာ နှစ်သက်ဖွယ် ကောင်းနေခဲ့သည်လား။

အလေးလံဆုံးသော ဝန်ထုပ်ဝန်ပိုးတေွက ကျနော်တို့ကို နင်းခြေသည်၊ နစ်မြုပ်စေသည်။ ဟိုးအောက်ခြေတွင် ကျနော်တို့ကို တွယ်နေှာင်လို့ထားသည်။ သို့သော်လည်း အရွယ်မရေွး ဖတ်ကြသည့် အချစ်ကဗျာတေွထဲမှာ မိန်းမက ယောကျ်ားရဲ့ လေးလံလှသည့်  ခန္ဓာကို တောင့်တပြန်သည်။ ဒီ့အတွက် အလေးလံဆုံးသော ဝန်သည် တချိန်တည်းတွင် ဘ၀ရဲ့ ထက်သန်ပြင်းပြဆုံး ဖြည့်ဆည်းမှုလည်း ဖြစ်နေခဲ့ပြန်သည်။ ဝန်က လေးလေလေ ဘ၀တေွက မြေကြီးနဲ့ နီးလေလေ၊ ပိုပြီး စစ်မှန် ပိုပြီး မှန်ကန်လာလေလေပင်။

နောက်တမျိုး ပြောရလျှင် ဝန်မရှိသည့်အခါ လူဟာ လေထက် ပေါ့ပါးလို့ အမြင့်မှာ ပျံဝဲနေလိမ့်မည်။ မြေပြင်ကို စွန့်ခွာ၊ မြေကြီးဆန်မှုကို စွန့်လွှတ်သည့်အတွက် တစိတ်တပိုင်းသာ စစ်မှန်တော့မည်။ သူ့ရဲ့ ရေွ့လျားမှုဟာ လွတ်လပ်သလောက် အရေးမပါ ဖြစ်နေခဲ့ပေမည်။

ဒီတော့ကာ ကျနော်တို့ ဘာကို ရေွးကြမလဲ၊ လေးလံမှုလား၊ ပေါ့ပါးမှုလား။

သေချာသည်ကတော့  ပေါ့ပါးမှုနဲ့ လေးလံမှုမှာ အဆန်းကြယ်ဆုံးနဲ့ ဒွိဟ အဖြစ်ဆုံး ဆန့်ကျင်ဘက်အစုံ ဖြစ်နေခဲ့ခြင်းပင်။"