Rodiobook
Rodiobook
Rodney Sann Lwin
မင်းသုဝဏ် - အယ်ဒီတာ (အသံစာအုပ် - ဝတ္ထုတို)
14 minutes Posted Jul 29, 2022 at 12:54 pm.
0:00
14:38
Download MP3
Show notes

ဆရာကြီးမင်းသုဝဏ် မြန်မာပြန်ပေးထားတဲ့ တဂိုးရဲ့ “အယ်ဒီတာ” ဆိုတဲ့ ဝတ္ထုတိုလေးကို အသံထွက်ဖတ်ပြပေးတာပါ။

မူရင်းရေးသားသူ ကမ္ဘာကျော် အိန္ဒိယစာဆို စွယ်စုံပညာရှင် 'ရာဘင်ဒြာနသ် တဂိုး' သည် ဘင်္ဂလီအနွယ်တစ်ဦးဖြစ်ပြီး စာပေနိုဗယ်လ်ဆုကို ၁၉၁၃ ခုနှစ်ကပင် ချီးမြှင့်ခံရသည့် အာရှတိုက်မှ ပထမဦးဆုံး နိုဗယ်လ်ဆုရှင်ဖြစ်သည်။

တဂိုး၏ စာပေအနုပညာနှင့် မြင့်မြတ်လှသည့် လူ့စွမ်းရည်သည် အိန္ဒိယ၊ အာရှကိုကျော်၍ ဥရောပနှင့် အမေရိကန်တိုင် ပြန့်နှံ့ခဲ့သည်။

ဆရာဇော်ဂျီက 'ခေတ်သစ်မြန်မာစာပေတွင် တဂိုး၏ စာပေအနုပညာ ဒဿနဩဇာသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်' ဟု မိန့်ဆိုခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၄နှစ်အကြာ ရန်ကုန်မြို့၌ 'မြန်မာနိုင်ငံတဂိုးအသင်း' (၁၉၅၂)ပေါ်ထွန်းလာ၍ နှစ်စဉ်တဂိုးမွေးနေ့ ကျင်းပခဲ့သည်။

ထိုနေ့တွင် တဂိုး၏ ဘဝနှင့်စာပေဟောပြောပွဲ၊ တဂိုးပြဇာတ်၊ တဂိုးဂီတကပွဲများ ကျင်းပခဲ့ကြသည်။