Rodiobook
Rodiobook
Rodney Sann Lwin
အေးမင်းစော - ကြွင်းကျန်ရစ်သော (အသံစာအုပ် - ဝတ္ထုရှည်)
2 hour 50 minutes Posted Jul 18, 2022 at 3:03 pm.
0:00
2:50:21
Download MP3
Show notes

ကျနော်တို့ မြန်မာစကားမှာ "ဥပါဒါန်ကြောင့် ဥပါဒ်ရောက်"လို့ ရှိပါတယ်။

ဗုဒ္ဓ က "ကံ ကံ၏အကျိုး"၊ ယေရှု ကလည်း "ကိုယ်စိုက်တာ ကိုယ်ရိတ်သိမ်းရမယ်" ဆိုပြီး ကိုယ်ပြုလိုက်တဲ့ လုပ်ရပ်တိုင်းဟာ မလွဲမသွေ ကိုယ်ပြန်ခံစား စံစားရမယ်လို့ ဟောကြား သွန်သင်ခဲ့ ကြပါတယ်။

လူတိုင်းဟာ တနေ့ မလွဲမသွေ သေဆုံးရမှာ ဖြစ်ပြီး မသေခင် လူ့လောကမှာ ဘယ်လိုနေထိုင်ပြုမူမလဲဆိုတာက လူ့တန်ဖိုးဖြစ်ပါတယ်၊ တကယ့်ဂုဏ်သိက္ခာ အစစ်ဖြစ်ပါတယ်။

ရာထူး၊ စည်းစိမ်ဥစ္စာ၊ နေရာဌာန၊ အောင်မြင်မှု ဆိုတာ ထိုက်တန်တဲ့သူမှ ခံစား စံစားရတာမျိုးပါ။

ဆရာအေးမင်းစော ရဲ့ "ကြွင်းကျန်ရစ်သော"ဆိုတဲ့ စာအုပ်ထဲမှာ လောဘဇော တိုက်၊ ဒေါသ၊ မောဟ ရမ္မက်မီးတွေ၊ ကိလေသာမီးတွေ လောင်မြိုက်ပြီး ဇာတ်သိမ်းမကောင်းတဲ့သူ တယောက်အကြောင်းကို ရေးဖွဲ့ပေးထားပါတယ်။

အားလုံးပဲ သဘောကျနှစ်သက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ နားဆင်ပေးကြပါဦး။