Rodiobook
Rodiobook
Rodney Sann Lwin
မယ်ကျွိ - ရွက်ကြေွ (အသံစာအုပ် - ဝတ္ထုရှည်)
11 hour 4 minutes Posted Jun 7, 2022 at 12:44 pm.
0:00
11:04:19
Download MP3
Show notes

ဆရာမမယ်ကျွိ ဘာသာပြန်ထားတဲ့ ရွက်ကြွေ ဆိုတဲ့ ဝတ္ထုဟန်အတ္ထုပ္ပတ္တိစာအုပ် လေးကို ဖတ်ပြပေးမှာဖြစ်ပါတယ်။ ဝတ္ထုဟန်အတ္ထုပ္ပတ္တိစာအုပ်တွေဟာ ခေတ်အဆက်ဆက် စာပေလောကမှာ နေရာတစ်နေရာရှိပြီး ဖြစ်သလို ၎င်းစာအုပ်တွေဟာ လွမ်းမောစရာ၊ နာကြည်းစရာ၊ တမ်းတစရာ၊ စိတ်အားတက်ကြွစရာ၊ ပျော်စရာ၊ ရယ်စရာစတဲ့ ခံစားချက်အထွေထွေကို သူ့နည်းသူ့ဟန်နဲ့ ပေးစွမ်းနိုင်တာမို့ စာရေးဆရာရဲ့ စိတ်ကူးနဲ့ ဖန်တီးထားသလို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

မူရင်းစာ​ေရးသူ Adeline Yen Mah ဟာ တီယန်ကျင်းဇာတိ၊ ရှန်ဟိုင်း၊ ဟောင်ကောင်၊ အမေရိကန်မှာ အခြေစိုက်တဲ့ တရုတ်ဆရာဝန်မကြီးဖြစ်ပါတယ်။ ဒီစာအုပ်ဟာ စာရေးသူတို့ရဲ့ မိသားစုကြီးတစ်စု ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြောပြရင်း ၁၈၈၀ ခုနှစ်ကျော်ကာလများကစလို့ သက္ကရာဇ် ၂၀၀၀ နားထိတိုင် တရုတ်ပြည်မကြီး၊ ဟောင်ကောင်ကျွန်း နဲ့အမေရိကန်တို့ရဲ့ နိုင်ငံရေး ၊စီးပွားရေး၊ လူမှုထုံးဓလေ့တို့ကို ဝတ္ထုကောင်းတို့ရဲ့ အင်္ဂါရပ်တို့နဲ့အညီ ရသအင်အားကောင်းကောင်းနဲ့ ချပြသွားပါတယ်။

Adeline Yen Mah ဟာ ကမ္ဘာ့စာပေလောကမှာ အရှေ့နဲ့ အနောက်ကြား ပေါင်းကူးတံတားဖြစ်တယ်လို့ ကင်ပွန်းတပ်ခြင်းခံရသူဖြစ်ပါတယ်။

#မယ်ကျွိ

#ရွက်ကြွေ