Rodiobook
Rodiobook
Rodney Sann Lwin
တက္ကသိုလ်ဘုန်းနိုင် - “တပြည်သူမရွှေထား” ဝတ္ထုရှည် အသံစာအုပ် (၁၃ ပိုင်း)
9 hour 41 minutes Posted Oct 14, 2021 at 1:32 pm.
0:00
9:41:59
Download MP3
Show notes

ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် ရဲ့ ဝတ္ထုကောင်းတွေအများကြီးထဲကမှ ‘တပြည်သူမရွှေထား’ ဆိုရင် သီးသန့်ညွှန်းစရာတောင် လိုမယ်မထင်ပါဘူး၊ စာအုပ်အဖြစ်လည်း ယနေ့အချိန်အထိ အကြိမ်ပေါင်းများစွာ ပြန်လည်ရိုက်နှိပ်ခဲ့ရသလို ရုပ်ရှင်ရိုက်ကူးရာမှာလည်း အောင်မြင်ခဲ့ပြီး ၁၉၉၄ခုနှစ် မြန်မာ့ရုပ်ရှင်ဆုပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု (စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေး) အကောင်းဆုံး ဒါရိုက်တာဆု (စင်ရော်မောင်မောင်) အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု (ကျော်သူ) တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု အဲဒိလို နာမည်ကျော် အောင်မြင်ကျော်ကြားလှတဲ့ “တပြည်သူမရွှေထား”ဆိုတဲ့ ဝတ္ထုကို အသံထွက်ဝတ္ထု အနေနဲ့ ဖတ်ပြတင်ဆက်ပေးလိုက်ပါတယ်။

အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကေျာ်ဖြတ်ကြတာပေါ့၊ အားလုံး ကျန်းမာကြပါစေဗျာ။