Rodiobook
Rodiobook
Rodney Sann Lwin
ဒီနိုဗို - မှန်သားမြို့တော် ဝတ္ထုရှည် အသံစာအုပ် (၆)ပိုင်း
5 hour 32 minutes Posted Aug 16, 2021 at 12:26 pm.
0:00
5:32:08
Download MP3
Show notes

ယခုဖတ်ပြတင်ဆက်ပေးမယ့် ဝတ္ထုရှည်က ဆရာဒီနိုဗို ဘာသာပြန်ထားတဲ့ 'မှန်သားမြို့တော်' ပါ၊

ဇာတ်လမ်းက စုံထောက်ဝတ္ထုဇာတ်လမ်း၊ မှုခင်းစုံထောက် စာရေးဆရာက လျို့ဝှက်ဆန်းကြယ်ကိစ္စတခုမှာ ပတ်သက်ရှုပ်ထွေးပြီး သူ့ကိုယ်သူ ဘဝအမျိုးမျိုးနေရာကနေ ပရမ်းပတာ အဖြစ်အပျက်တွေနဲ့ နားလည်ဖို့ ခက်ခဲတဲ့၊ လျို့ဝှက်သည်းဖို စွန့်စားခန်းဝတ္ထုကို ဒဿနဆန်ဆန် ရေးထားတဲ့၊ သမားရိုးကျ စုံထောက်ဝတ္ထုမျိုးမဟုတ်တဲ့ ပို့စ်မော်ဒန်ပုံစံဝတ္ထုတပုဒ်ပါ။

မူရင်းစာရေးသူ ပေါလ်အော်စတာ ဟာ ဒီ'မှန်သားမြို့တော်' ဝတ္ထုအတွက် တနှစ်တာ အကောင်းဆုံးလျို့ဝှက်သည်းဖိုဝတ္ထုအဖြစ် အဂ္ဂါအယ်လင်ပိုးစာပေဆု ချီးမြှင့်ခြင်းခံခဲ့ရပြီး၊ မှန်သားမြို့တော် နဲ့ နောက်၂အုပ်၊ ၃အုပ်ပေါင်း (The New York Trilogy) အတွက်လည်း ဆုရရှိထားပြီး၊ အခြားဆုတံဆိပ်ပေါင်းများစွာရရှိထားသူပါ။

အတတ်နိုင်ဆုံး အိမ်ထဲမှာနေပြီး ဒီရောဂါဆိုးကြီးကို ကြံ့ကြံ့ခိုင် ရင်ဆိုင်ကေျာ်ဖြတ်ကြတာပေါ့၊ အားလုံး ကျန်းမာကြပါစေဗျာ။