Rodiobook
Rodiobook
Rodney Sann Lwin
မောင်ဆုရှင် - ပင်လယ်ပြာနဲ့ တံငါအို
3 hour 46 minutes Posted Jul 18, 2020 at 1:38 pm.
0:00
3:46:44
Download MP3
Show notes

မောင်ဆုရှင် ဘာသာပြန်ဆိုခဲ့သည့် ဟဲမင်းဝေး၏ ကမ္ဘာကျော်ဝတ္ထုတစ်ပုဒ် "ပင်လယ်ပြာနဲ့တံငါအို" ဝတ္ထုကို Audio Book အဖြစ် အသံထွက်ဖတ်ပြခြင်း ဖြစ်ပါသည်။

မောင်ဆုရှင် ဘာသာပြန်ဆိုသော "ပင်လယ်ပြာနဲ့ တံငါအို" ဝတ္ထုသည် ၁၉၆၈ ခုနှစ်တွင် အမျိုးသားစာပေဆု (ဘာသာပြန် ပထမဆု) ကို ရရှိခဲ့သည်။

ဟဲမင်းဝေး ရေးသားသော "ပင်လယ်ပြာနဲ့ တံငါအို " ဝတ္ထုသည် ၁၉၅၄ ခုနှစ်တွင် အမေရိကန် စာပေလောကတွင် အထင်ရှားဆုံးဖြစ်သော ပူလစ်ဇာစာပေဆုကို ရရှိခဲ့သည်၊ ၁၉၅၅ ခုနှစ်တွင်လည်း ဟဲမင်းဝေးသည် ယင်းဝတ္ထုကို အကြောင်းပြုပြီး စာပေဆိုင်ရာ နိုဗယ်လ်ဆုကြီး ချီးမြှင့်ခံရပြန်သည်.

၁၉၅၈ ခုနှစ်တွင် ယင်းဝတ္ထုကိုဟောလိ၀ုဒ်မှ ရုပ်ရှင်ရိုက်ကူးခဲ့သည်။

ဟဲမင်းဝေးသည် အသက်၆၃နှစ်အရွယ် ၁၉၆၁ ခုနှစ် ဇူလိုင် ၂ ရက်တွင် မိမိကိုယ်မိမိ အဆုံးစီရင်ပြီး ကွယ်လွန်သွားခဲ့လေသည်။