Painkiller Poems
Painkiller Poems
HlwanMoe Kyaw
ငါတို့ဟာ အပြိုအပျက် အကြိုအကြားက ပျောက်နေတဲ့ အုတ်ချပ်ခဲတစ်လုံးလား
48 seconds Posted Sep 24, 2022 at 3:38 pm.
0:00
0:48
Download MP3
Show notes
Identity ရှာမရခင်
ဒီလိုခေတ်မှာ
ငါတို့ဟာ
အပြိုအပျက် အကြိုအကြားက
ပျောက်နေတဲ့ အုတ်ချပ်ခဲတစ်လုံးလား
မှောင်နေတာမှန်တယ်လေ
မင်းတို့က အလင်းမလာခင်
၃၃နှစ် လောက်ထဲက မှောင်ခဲ့တာပါ
ငါတို့စိတ်တွေကို
လူပျောက်ကြေငြာတစ်ခုလို
ဖြစ်သွားအောင်လုပ်တယ်ဟုတ်
အေး
စိတ်ထဲရှိတဲ့ အရာကိုတောင်
အသံထွက်မှန်အောင် မထွက်တတ်တဲ့
နှလုံးသားတွေနဲ့
ညည မင်းတို့အိပ်ရေးဝဝအိပ်ပျော်ပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်
မင်းတို့ဗျောက်တွေကို
မင်းတို့ဖင်ထဲထိုးထည့်ချင်လာအောင်
ငါတို့ရဲ့ မျက်ရည်တွေနဲ့
ငါတို့ရဲ့အသံတွေနဲ့
တွန်းလှန်ပြမယ်
#HMK
---
Send in a voice message: https://podcasters.spotify.com/pod/show/hlwanmoe-kyaw2/message