Show notes
#ညီမိုးဆွေ ရေးပြီး #ကျွန်တော် ရွတ်တယ်
ဒါနဲ့ပဲ တောင်တွေကို တိုးမိတဲ့အခါ အဲဒီစကားကိုပြန်ပြောတယ်
ပင်လယ်ကို ဖြတ်မိတဲ့အခါ အဲဒီစကားကိုပြန်ပြောတယ်
တိမ်တိုက်ကိုတွန်းမိတဲ့အခါ အဲဒီစကားကိုပြန်ပြောတယ်
တောအုပ်ကို ကျော်မိတဲ့အခါ အဲဒီစကားကိုပြန်ပြောတယ်
''ယုန်ဖြူလေးဟာ ဗုံးတစ်လုံးဖြစ်သွားခဲ့ပြီ''တဲ့။
ညီမိုးဆွေ


