
ငလျင်အပြီးပြန်လည်ထူထောင်ရေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ | EHSMyanmar
"ငလျင်အပြီးပြန်လည်ထူထောင်ရေးအတွက် ဘယ်လိုပြင်ဆင်ကြမလဲ" Post-earthquake Rehabilitation Panel Discussion——————————————————————ငလျင်ဒဏ်ခံရသော ပြည်သူလူထုများအတွက် အရေးကြီးဆုံးကိစ္စမှာ ဆုံးရှုံးမှုများအပြီး ပြန်လည်ထူထောင်မှု ဖြစ်ပါတယ်။ ဒါဟာ တစ်ဦးချင်း လူနေမှုဘဝသာမက၊ လူမှုရေး၊ စီးပွားရေးနဲ့ တည်ဆဲအခြေခံဖွဲ့စည်းမှုအပေါ်မှာပါ သက်ရောက်မှုရှိတဲ့အတွက် အချိန်မီ ပြင်ဆင်မှုနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အရေးကြီးပါတယ်။🧏EHS Myanmar နှင့် Yangon School of Social Work တို့ပူးပေါင်းကျင်းပမယ့် Panel Discussion မှာ ငလျင်ဒဏ်ခံရပြီးနောက် ထူထောင်ရေးလုပ်ငန်းစဉ်များ၊ လူထုပါဝင်မှု၊ စုပေါင်းဖြေရှင်းနည်းများ၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတက်မှုစသည့် အကြောင်းအရာများကို ဆွေးနွေးသွားမှာဖြစ်ပါတယ် ။ ဆွေးနွေးပွဲမှာဆိုရင် EHS Myanmar ရဲ့ Founder & President ဖြစ်တဲ့ ဒေါက်တာကောင်းထက်စွမ်း၊ Yangon School of Social Work မှ Founder ဖြစ်သူ ဆရာကျော်စစ်နိုင်တို့နှင့်အတူ Public Health & Disaster Management ကျွမ်းကျင်ပညာရှင် ဒေါက်တာအောင်သူရတို့မှ အဓိက ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်ရှင့်။ #EHSMyanmar #Myanmarenvironment #sustainability #msmes This panel discussion was recorded on 26th April 2025. EHS Myanmar Podcast series: Season 5 Episode 3
Follow us on social media for more educational contents.
Learn more at: Facebook, Instagram, YouTube and EHS website.
This podcast uses Anchor (from Spotify) for stats, tracking, and dynamic audio. What this means Episodes play from the podcast's own servers, unmodified. Not affiliated with Podbay.
