
ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်း သိထားသင့်သည့် ဒါန သီလ အခြေခံ သမထဝိပဿနာ ရှုမှတ်ပွားနည်း စာအုပ်ကို သာသနာရေး ဝန်ကြီးဌာနမှ ကြီးမှုးထုတ်ဝေ ခဲ့ပါသည်။ ဟောကြားခဲ့သူမှာ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘန္နဒ္ဒကုမာရာ ဘိဝံသဖြစ်သည်။
ဤစာအုပ်ကို ဒါနခန်း၊ သီလခန်း၊ သမထဘာဝနာခန်း၊ ဝိပဿနာဘာဝနာခန်း၊ လက်တွေ့ကျင့်ခန်း ဟူ၍ အခန်း (၅)ခန်းဖြင့် ဖော်ပြထားသည်။
ပါဠိစာသားများဖတ်ရှု့ရာတွင် လိုအပ်ချက်များရှိပါကလည်း သည်းခံပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
---
Send in a voice message: https://anchor.fm/myo-ko-ko53/message
Mar 3, 2022
24 min

ငါးရာ့ငါးဆယ်နိပါတ်တော်လာ ရွဲကုန်သည်ဇာတ်တော်ဟာ ကလေး၊ လူကြီး၊ လူငယ် အားလုံးသိကြပါတယ်။
ဇာတ်တော်ထဲမှာဆိုရင် ဘုရားလောင်း ရွဲကုန်သည် နဲ့ ဒေဝဒက်လောင်းရွဲကုန်သည်ဟာ
တစ်ဦးနှင့်တစ်ဦး ရောင်းချမဲ့ ဈေးကွက်နေရာများကို ခွဲခြမ်းသတ်မှတ်ထားပြီး
အကယ်၍ အခြားတစ်ဦးရဲ့ နေရာမှာ ရောင်းချလိုပါက ထိုနေရာကို အပိုင်စားရသူ ရောင်းချပြီးမှသာ ရောင်းချရမယ်လို့ သဘောတူညီချက်ယူထားကြပါတယ်။
---
Send in a voice message: https://anchor.fm/myo-ko-ko53/message
Feb 24, 2022
1 hr 7 min
