ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး
ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး
MCA Network
Jan 29, 2022 · 35 min

ကျွန်မရိုက်ကူးခဲ့သော မှတ်တမ်းရုပ်ရှင် ဇာတ်ကောင်များရဲ့ဘ၀ အပိုင်း (၂)

MP3

ဒီအပတ်မှာတော့  "ခွဲထွက်လာသော ရုပ်ရှင်များထဲက မသန်စွမ်းဇာတ်ကောင်များ"   ခေါင်းစဉ်အောက်ကနေ ပင်တိုင်တင်ဆက်သူ တစ်ယောက်အနေနဲ့ ကိုယ်တိုင်ရိုက်ကူးခွင့်ရခဲ့တဲ့ မသန်စွမ်းဇာတ်ကောင်တွေထဲက ပထမဦးဆုံး မှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ ခရီးဆက်သူ Traveller ကားမှာ အဓိကဇာတ်ကောင်ဖြစ်တဲ့ မစိုးမိုးဦးကနေ ရုပ်ရှင်ဖန်တီးစဉ်က  အမှတ်တရများ၊ ပထမဦးဆုံးအကြိမ် ပိတ်ကားပေါ်မှာ ပရိတ်သတ်နဲ့အတူ  စတင်ကြည့်ရှုခွင့်ရစဉ်က ခံစားချက်၊ မိမိလို ကျောင်းဆရာမ  ဖြစ်ခွင့်မရခဲ့ကြတဲ့ မသန်စွမ်းသူများဘ၀ကို သုံးသပ်ချက်၊ ဇာတ်ကောင်အဖြစ်  ခံစားချက် အမှတ်တရတွေအပြင် မသန်စွမ်းမှုနဲ့ပတ်သက်တဲ ရှုထောင့်မိတ်ဆက်၊  တက်ရောက်ခဲ့ဖူးတဲ့ ရုပ်ရှင်ပွဲတော်တွေရဲ့ အမေးအဖြေကဏ္ဍတွေမှာ  မေးကြလေ့ရှိတဲ့ မေးခွန်းများ၊ ရုပ်ရှင်ပွဲတော် အမှတ်တရများနဲ့အတူ  မိသားစုအတွင်းက အမှတ်တရတွေကိုပါ အားပါးတရ ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။

နောက်အပတ်မှာ ကျွန်ုပ်တို့ MCA Network ရဲ့ ပင်တိုင်တင်ဆက်သူများက  ဘယ်လိုအကြောင်းအရာများကို ဆက်လက်တင်ဆက်သွားမလဲဆိုတာ  ရင်ခုန်စွာစောင့်မျှော်ရင်း အပတ်စဉ်ထုတ်လွှင့်နေတဲ့ podcast  အစီအစဉ်ကောင်းများကို မလွတ်တမ်း နားဆင်ပေးကြသူ၊ အကြံဉာဏ်များပေးကြသူများနဲ့   နှစ်သက်ဝေမျှပေးခဲ့ကြသူတိုင်းကို   အထူးပဲကျေးဇူးတင်ပါတယ်။

မိတ်ဆွေတို့အနေနဲ့ ဒီအစီအစဉ်ကို မသိသေးသူများ၊ သိဖို့လိုအပ်နေသူများ၊       မသန်စွမ်းအရေးကို မိမိတို့ရဲ့ လုပ်ငန်းခွင်အသီးသီးမှာ       ထည့်သွင်းဆောင်ရွက်ဖို့ စိတ်ဝင်စားသူ မည်သူကိုမဆို ထပ်ဆင့်   ဝေမျှပေးရင်း     သတင်းကောင်းပေးနိုင်ပါတယ်။ Anchor မှာ နားဆင်ဖို့    အခက်အခဲရှိသူများအတွက်   Myanmar CinemAbility Network ရဲ့ Youtube   Channel  မှာလည်း   သွားရောက်နားဆင်နိုင်ပါပြီ။ ဒီအစီအစဉ်နဲ့ပတ်သက်ပြီး    မိတ်ဆွေတို့ရဲ့    မှတ်ချက်ပေးခြင်း၊ အကြံဉာဏ်ပေးခြင်း၊    မေးမြန်းခြင်းတို့ကိုလည်း အထူးပဲ    ဖိတ်ခေါ်ပါတယ်။ မိမိတို့ရဲ့    ပူးပေါင်းတင်ဆက်မှုအတွက် ဒါမှမဟုတ်    စုံစမ်းမေးမြန်းမှုအတွက်    [email protected] သို့မဟုတ်    တင်ဆက်သူများရဲ့ Viber    နံပါတ်များဖြစ်တဲ့ ကိုပြည့် - ၀၉၂၆၁၂၅၆၄၉၃ နဲ့   မနွေး  - ၀၉၉၄၁၅၅၉၈၉၇ တို့ကို ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ မြန်မာပြည်သူပြည်သားအားလုံး    မသန်စွမ်းမှု အသိပညာတွေတိုးပွားကာ    ခွဲခြားဆက်ဆံမှုကင်းတဲ့    အားလုံးအကျုံးဝင် လူ့အဖွဲ့အစည်းတစ်ခုကို     အမြန်ဆုံးထူထောင်နိုင်ပါစေလို့   ကျွန်ုပ်တို့က ဆန္ဒပြုလိုက်ရပါတယ်။

---
Send in a voice message: https://anchor.fm/mcanetwork/message

This podcast uses RedCircle for stats, tracking, and dynamic audio. What this means Episodes play from the podcast's own servers, unmodified. Not affiliated with Podbay.